> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【优秀奖】雨知道答案

优秀奖

雨知道答案

云南大学缅甸语专业学生 李冰玉

2024年8月31日,我从昆明飞往仰光,正式开启我的仰光留学之旅。当飞机穿过云层缓缓下降,当裹着雾气的青绿色平地愈加清晰,当广播声响起:“亲爱的旅客,您已到达目的地:仰光”,机舱门打开的瞬间,湿热的空气裹挟着丝丝奇异的气味涌入鼻腔,一切在此刻有了实感。

这天的天气实在算不得好,积雨云像被泼翻的砚台,浸透仰光的天空。我看着车窗外不断变换的景色,有时是低矮简陋的木棚般的矮房,有时是现代化的高楼,但青翠的树木灌丛起起伏伏,没有间断,还能看到结着果子的芭蕉树。不一会儿,天空就下起了雨,细密的雨点一滴滴拍打在车窗上,模糊了我的视线。车子遇到红灯停下来,一个八九岁模样的小孩子过来敲车窗,手里拿着一串串用细线串起来的茉莉花。他的双手扒在车窗上,一双清透的眼睛透过玻璃看我们,努力地向我们推销手中缀着水滴的茉莉花。见没有人理他,又自顾自地走开去敲另一辆车。他的眼中氤氲着茫然,他似乎已经习惯了。抬眼一看,车内就明晃晃地挂着一串茉莉花,花下是一座小小的金色佛像,只是那茉莉花已经枯萎没有香气了。

车子七拐八拐到了宿舍。门口有棵菠萝蜜树,结着四五个绿色的果子,那果子饱满得让人挪不开眼。我们刚下车,一个皮肤黝黑体型偏胖的男生就从宿舍楼出来,冒着雨帮我们把行李搬进宿舍。他很友善,很热心,甚至让我觉得有些过分谦恭,他似乎把自己的姿态放得很低。他告诉我们他也在仰外大读书,偶尔会在这里兼职看门,有什么事都可以找他帮忙。宿舍楼的楼长是个瘦瘦小小的中年女人,她很可爱。因为是雨季,各种喜雨的小动物四处活动。某天,我们宿舍进了一只小癞蛤蟆,我们都很怕,找来楼长。但事实上,楼长也很怕。当小癞蛤蟆在宿舍里跳来跳去时,楼长跳到旁边的空床上,指挥着之前帮我们搬行李的男生驱赶它。楼长那敏捷的动作,让人想起《猫和老鼠》里汤姆的女主人。最后,男生用一块木板端着小癞蛤蟆,把它送到外面放生了。因为他们信佛,不杀生。现在想起这一幕,直觉得是非常有趣有爱的场景。

他们是我初到仰光遇到的第一批人。他们年纪不同,境遇不同,行为方式也不同。他们只是作为普通人在认真地生活,将平凡的日子嚼透嚼烂。在来仰光前,我其实是忐忑的。因为关于这片土地上的各类传言实在是复杂。我无从得知真相,更无法分辨。我对这里的人和他们的生活有过各种想象。而只有当我真实地踏上这片土地,看小贩在积水的路边支起摊子,听楼长放生蛤蟆时念叨“不杀生是福报”,我才有了真正正确的认识:那些传言不过是蒙在真相上的薄雾。生活从未因远方的揣测改变分毫,它自顾自地流淌,如江水流向大海从不改变。

之后,我又遇到了很多人。

我们宿舍门口的菠萝蜜树是一个保安大叔种的。我跟他熟悉起来的契机是他在我生病的时候送给了我几瓶清凉油。他说生病的时候闻一下会舒服些。我很开心在异国他乡可以收到这样一份心意。之后每次回宿舍遇见他都会聊上几句。我告诉他我来自中国。他很开心地说他的邻居就是华人,他经常跟他邻居聊关于中国的事。他说如果有机会的话他非常想去一次中国。我问他为什么,他看看我,不假思索地说中国很好,中国人也很好,各方面都很吸引他。他还主动说起“你好”“谢谢”这类简单的汉语。还有让我比较惊讶的一件事是他有微信。我们互加微信后,他经常和我分享仰光的一些好玩的活动。

今年(2025年)三月初他给我发微信说,我的中国朋友,宿舍门口的菠萝蜜熟了,如果你还在这里,一定会请你尝尝。照片里的菠萝蜜泛着蜜色,我想起了家乡秋日的柿子。于是便模仿他的语气回复他:等你来中国,一定请你尝尝我家乡的柿子。

三月底,缅甸地震后,他发来微信说,缅甸发生了很严重的地震,中国是第一个向缅甸派出救援队的国家,他非常感谢中国。因为我是中国人,所以他也非常感谢我。那一瞬间,手机屏幕里的缅文符号在微微发烫,它们像一粒粒火种,点燃1950年周恩来总理与吴努总理握手的旧胶片,以及今夜跨越国境线的救援车灯长龙。

在仰光的大部分时间是在学校里。仰外大有中文系,我们都很期待能交到中文系的缅甸朋友。中国的缅甸语专业学生和缅甸的中文专业学生进行一次思想上的碰撞该是多么奇妙。而事实上,我们确实有缘认识了两位中文专业的姐姐。那段时间,我们刚好要拍关于留学生活的视频,便邀请她们参与拍摄采访部分。采访中有一个问题是学习中文的原因,我记得她们当时回答说:中国是缅甸的邻国,中国对她们来说是个完全不陌生的国家。学习中文会获得更多的机会。

课间聊天的时候,她们兴奋地说她们非常喜欢中国的电视剧和美食。一个姐姐说《偷偷藏不住》在缅甸非常火,还有火锅、麻辣烫也超受欢迎。她好想到中国工作。这句话让我想起初到仰光时的一次经历。那时经老师介绍,我们有幸在仰光的一所中文学校实习。在那里遇到了几位教中文的缅甸老师。他们有的毕业于中文系,有的靠自学成才,却都对中国抱有纯粹的友好与热情。课间闲聊时,一位老师曾问我来自中国的哪个省。我说我来自山东省,在中国的北方,会下雪的地方。她的眼睛亮晶晶的,近乎雀跃地告诉我:她妹妹就在中国学计算机。她非常想来中国,来工作,来旅游,来看看这里的雪。仰光只有雨,没有雪。我望向窗外,雨正淅淅沥沥下着,整个城市隐入雨雾中,忽然觉得这场景似曾相识:正如她向往一场从未见过的雪,我来缅甸前,也曾无数次想象过这里雨季的模样。

在仰光,从雨季到凉季,从湿热到凉爽,我们所遇见的每一个出租车司机、每一个小商贩、每一个服务员以及其他很多不同身份的人都能说上一两句简单的汉语。甚至遇见过一个杂货店老板操着一口不太流利的汉语给我们推销商品,告诉我们她是为中国客人而学。这座城市的每个角落,都在用生涩却真诚的中文,回应着2200多公里边境线那端的声音。

这并非偶然。当越来越多的中国人带着热忱来到这片土地,当千年前的骠国乐穿越时间化作中缅建交75周年的庆典礼炮——山河为证,日月为鉴,这跨越千年的相知,早已深深刻进两国的血脉中。


ထူးချွန်ဆု

မိုးကအဖြေကိုသိတယ်

Li Bingyu

ကျောင်းသူ၊ မြန်မာဘာသာဌာန၊ ယူနန်တက္ကသိုလ် (Yunnan University)

၂၀၂၄ခုနှစ် ဩဂုတ်လ ၃၁ရက်တွင် ကျွန်မဟာ ကူမင်းမှ ရန်ကုန်သို့ လေယာဉ်စီးလာခဲ့ပြီး ရန်ကုန်တွင် ပညာသင်ကြားရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ လေယာဉ်သည် တိမ်တိုက်များကို ဖြတ်ကျော်ကာ တဖြည်းဖြည်း ဆင်းသက်လာချိန်၊ မြူဆိုင်းနေသော စိမ်းပြာရောင် မြေပြန့်များ ပိုမိုထင်ရှားလာချိန်တွင် “ခရီးသွားဧည့်သည်များရှင်၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရောက်ရှိပါပြီ” ဟု အသံထွက်လာပြီး လေယာဉ်တံခါးဖွင့်လိုက်သည့် အခိုက်အတန့်၌ စိုထိုင်းသောလေထုနှင့်အတူ ထူးခြားသောအနံ့များ နှာခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်မှစ၍ အရာရာအားလုံး လက်တွေ့ကျလာခဲ့သည်။

ထိုနေ့၏ ရာသီဥတုမှာ သိပ်ကောင်းသည်ဟု မဆိုနိုင်ပေ။ မိုးတိမ်များသည် မင်ရည်များဖြင့် လောင်းထားသကဲ့သို့ ရန်ကုန်ကောင်းကင်ကို ဖုံးလွှမ်းနေသည်။ ကျွန်မဟာ ကားပြတင်းပေါက်မှ အပြင်ဘက်ရှိ အမြဲပြောင်းလဲနေသော မြင်ကွင်းများကို ကြည့်ရင်း တစ်ခါတရံ သစ်သားဖြင့် တည်ဆောက်ထားသော အိမ်ပုကလေးများ၊ တစ်ခါတရံ ခေတ်မီအဆောက်အအုံများကို တွေ့မြင်ရသည်။ စိမ်းလန်းသော သစ်ပင်များလည်း အဆက်မပြတ် မြင်တွေ့ရသည်။ ငှက်ပျောသီးများ သီးနေသော ငှက်ပျောပင်များလည်း ရှိသည်။ အချိန်တစ်ခဏအတွင်း မိုးစတင်ရွာသွန်းလာပြီး သိပ်သည်းသော မိုးစက်များသည် ကားမှန်ပေါ်သို့ တဖြည်းဖြည်းချင်း ကျရောက်လာကာ မြင်ကွင်းကို ဝါးသွားစေသည်။ ကားသည် မီးနီတွင် ရပ်လိုက်သောအခါ ၈နှစ်၊ ၉နှစ်ခန့် အရွယ်ကလေးတစ်ယောက်သည် ကားပြတင်းပေါက်ကို လာခေါက်ပြီး လက်ထဲတွင် ကြိုးဖြင့် သီထားသော စံပယ်ပန်းများကို ကိုင်ဆောင်ထားသည်။ ကလေးသည် သူ၏ လက်များဖြင့် ကားပြတင်းပေါက်ကို ဖိထားရင်း ဖန်သားပြင်ကို ဖြတ်၍ ကျွန်မတို့ကို ကြည့်နေပြီး သူ့လက်ထဲက စံပယ်ပန်းများကို ကြိုးစားရောင်းနေသည်။ ဘယ်သူမှ ဂရုမစိုက်သည်ကိုမြင်သောအခါ တခြားကားဆီသို့ ထွက်သွားသည်။ သူ၏မျက်လုံးများတွင် ဝေဝါးသောအကြည့်မျိုးရှိနေပြီး ဤကဲ့သို့သော အဖြစ်မျိုးကို ကျင့်သားရနေပုံရသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ ကားအတွင်းတွင် စံပယ်ပန်းတစ်တွဲနှင့် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ငယ်တစ်ဆူကို လှမ်းမြင်မိသည်။ ဒါပေမယ့် ထိုစံပယ်ပန်းမှာ ညှိုးနွမ်းပြီး အနံ့မရှိတော့ပါ။

တက္ကစီသည် အကွေ့များစွာကို ဖြတ်သန်းပြီးနောက် အဆောင်သို့ရောက်ရှိလာသည်။ တံခါးဝတွင် ပိန္နဲပင်တစ်ပင်ရှိပြီး အသီး ၄၊ ၅လုံးခန့် သီးနေသည်။ အသီးများ အလွန်ကြီးမားပြီး လူ၏ အမြင်အာရုံကို ဆွဲဆောင်နေသည်။ ကျွန်မတို့ကားပေါ်မှ ဆင်းသည်နှင့် အသားမည်းပြီး ဝဝဖြိုးဖြိုးရှိသော ယောက်ျားလေးတစ်ဦးသည် အဆောင်ထဲမှ ထွက်လာပြီး ထီးမပါဘဲ ပြေးလာပြီး ကျွန်မတို့၏ ခရီးဆောင်အိတ်များကို သယ်ပေးသည်။ သူသည် အလွန်ဖော်ရွေသည်။ နွေးထွေးမှုရှိသည်။ သူ၏ အပြုအမူများတွင် လွန်ကဲသော ရိုကျိုးနှိမ့်ချမှုများပင် ပါဝင်နေသည်။ “ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (Yangon University of Foreign Languages) တွင် ပညာသင်နေသူဖြစ်ပြီး အခါအားလျော်စွာ ဤနေရာတွင် အစောင့်အဖြစ် အလုပ်လုပ်ကိုင်တယ်။ အကူအညီလိုလျှင် သူ့ကိုပြောလို့ရတယ်”လို့ သူကပြောပြသည်။ အဆောင်မှူးက ပိန်ပိန်သေးသေး အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် အလွန်ချစ်စရာကောင်းသည်။ မိုးရာသီဖြစ်သောကြောင့် မိုးကို ကြိုက်နှစ်သက်သော သတ္တဝါငယ်များ လှုပ်ရှားနေသည်။ တစ်နေ့တွင် ကျွန်မတို့အိမ်ခန်းထဲသို့ ဖားပြုတ်ကလေးတစ်ကောင် ဝင်ရောက်လာပြီး ကျွန်မတို့ အားလုံးကြောက်ရွံ့သွားကြသည်။ ထို့ကြောင့် အဆောင်မှူးထံသို့ အကူအညီတောင်းသောအခါ သူမလည်း ကြောက်နေသည်ကို တွေ့ရသည်။ ဖားပြုတ်ကလေးက အဆောင်ထဲတွင် ခုန်ပေါက်နေစဉ် အဆောင်မှူးသည် ဘေးရှိအိပ်ရာလွတ်ပေါ်သို့ ခုန်တက်ပြီး ကျွန်မတို့ကို အိတ်များသယ်ပေးခဲ့သော ယောက်ျားလေးအား ဖားပြုတ်ကို မောင်းထုတ်ရန် ပြောလိုက်သည်။ အဆောင်မှူး၏ လျင်မြန်သော လှုပ်ရှားမှုများကို ကြည့်ရင်း“Tom and Jerry”ကာတွန်းထဲက Tomရဲ့ သခင်မကြီးကို သတိရမိလိုက်သည်။ နောက်ဆုံးတွင် ယောက်ျားလေးသည် သစ်သားပြားတစ်ချပ်ဖြင့် ဖားပြုတ်ကလေးကို ဖမ်းပြီး အပြင်သို့ လွှတ်ပေးလိုက်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို ကိုးကွယ်သောကြောင့် သူတစ်ပါးအသက်သတ်ခြင်းကို ရှောင်ကြဉ်ကြသည်။ ယခုပြန်လည်တွေးလိုက်လျှင် ဤမြင်ကွင်းသည် အလွန်ပျော်စရာကောင်းသော နွေးထွေးသော ခံစားမှုကို ရရှိစေသည်။

သူတို့သည် ကျွန်မရန်ကုန်သို့ရောက်ရှိပြီးနောက် ပထမဆုံးတွေ့ဆုံခဲ့သော လူများဖြစ်သည်။ သူတို့သည် အသက်အရွယ်၊ ဘဝအခြေအနေ၊ အပြုအမူပုံစံများ ကွဲပြားကြသော်လည်း သာမန်လူသားများအဖြစ် ကောင်းစွာရှင်သန်နေထိုင်ကာ သာမန်နေ့ရက်များကို ကြိုးစားပြီး ဖြတ်သန်းနေကြသည်။ ရန်ကုန်သို့ မရောက်မီက ကျွန်မသည် စိုးရိမ်နေခဲ့သည်။ အကြောင်းမှာ ဤမြေပေါ်ရှိ အမျိုးမျိုးသော အကြောင်းအရာများနှင့် ပတ်သက်သော ကောလာဟလများ ရှိနေသောကြောင့်ဖြစ်သည်။ ကျွန်မသည် အမှန်တရားကို မသိနိုင်ခဲ့သလို ခွဲခြားသိမြင်နိုင်စွမ်းလည်း မရှိခဲ့ပေ။ ဤနေရာရှိ လူများနှင့် သူတို့၏ဘဝများအပေါ် စိတ်ကူးယဉ်မှုများ ရှိခဲ့သည်။ ဤမြေပေါ်သို့ စင်စစ်ခြေချမိသောအခါမှ ရေဝပ်နေသော လမ်းဘေးတွင် ဈေးသည်များဈေးဆိုင်ဖွင့်နေပုံ၊ အဆောင်မှူးမှ ဖားပြုတ်လွှတ်ပေးရင်း“အသက်သတ်ခြင်း မပြုရင် ကုသိုလ်ရတယ်”ဟု ရွတ်ဆိုနေပုံတို့ကို မြင်ရသောအခါမှသာ ကျွန်မသည် ဒီနေရာအကြောင်းနှင့် ပတ်သက်သော မှန်ကန်သောရှုထောင့်မှ အမှန်တရားကို သိရှိလာခဲ့သည်။ ထိုကောလာဟလများသည် အမှန်တရားကို ဖုံးကွယ်ထားသော မြူဆိုင်းမှုသာဖြစ်သည်။ ဘဝသည် အဝေးမှ ခန့်မှန်းမှုများကြောင့် ပြောင်းလဲသွားခြင်းမရှိဘဲ မြစ်ချောင်း၊ အင်းအိုင်များ ပင်လယ်ထဲသို့ စီးဝင်ခြင်းသဘာဝအတိုင်း မည်သည့်အခါမှ မပြောင်းလဲပါ။

နောက်ပိုင်းတွင် လူများစွာနှင့် ကျွန်မထပ်မံတွေ့ဆုံခဲ့သည်။

ကျွန်မတို့ အဆောင်တံခါးဝရှိ ပိန္နဲပင်မှာ လုံခြုံရေးတစ်ဦးက စိုက်ပျိုးထားခြင်းဖြစ်သည်။ သူနှင့် ရင်းနှီးလာရသည့်အကြောင်းရင်းမှာ ကျွန်မဖျားနာနေစဉ်က သူက ကျွန်မကို ပရုတ်ဆီ လက်ဆောင်ပေးခဲ့သောကြောင့် ဖြစ်သည်။ ဖျားနာနေစဉ် ပရုတ်ဆီအနံ့ကို ရှူလိုက်လျှင် သက်သာသွားမည်ဟု သူကပြောသည်။ နိုင်ငံရပ်ခြားတွင် ဤကဲ့သို့သော စေတနာကို ရရှိသောအခါ အတိုင်းမသိ ဝမ်းသာရသည်။ နောက်ပိုင်းတွင် အဆောင်သို့ပြန်တိုင်း သူနှင့်တွေ့လျှင် စကားအနည်းငယ် ပြောလေ့ရှိသည်။ ကျွန်မသည် တရုတ်နိုင်ငံမှလာကြောင်း ပြောပြသောအခါ သူ၏အိမ်နီးချင်းမှာ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအကြောင်း မကြာခဏဆွေးနွေးဖြစ်ကြောင်း ပြောပြသည်။ အခွင့်အရေးရှိပါက တရုတ်နိုင်ငံသို့ သွားရောက်လိုကြောင်းပြောသည်။ ဘာကြောင့်လဲလို့ မေးလိုက်သောအခါ သူက ကျွန်မကို ကြည့်ကာ“တရုတ်နိုင်ငံက ကောင်းတယ်။တရုတ်လူမျိုးတွေကလည်း ကောင်းတယ်။ နေရာတိုင်းက သူ့ကိုဆွဲဆောင်နေတယ်”ဟု ချက်ချင်းဖြေသည်။ ထို့ပြင် တရုတ်လို“မင်္ဂလာပါ”၊“ကျေးဇူးတင်ပါတယ်”စသည့်တို့ကို တတ်ကြောင်းပြောပြသည်။ သူ့တွင် WeChatအကောင့်ရှိသည်မှာလည်း ကျွန်မကို အံ့သြစေခဲ့သည်။ WeChatအကောင့်တွင် သူငယ်ချင်းဖြစ်ပြီးနောက် ရန်ကုန်ရှိ စိတ်ဝင်စားဖွယ်ကောင်းသောအကြောင်းအရာများကို မကြာခဏမျှဝေပေးသည်။

၂၀၂၅ခုနှစ် မတ်လအစောပိုင်းတွင် သူက WeChat မှ“ကျွန်တော်ရဲ့ တရုတ်မိတ်ဆွေရေ၊ နေအိမ်တံခါးဝက ပိန္နဲသီးတွေ မှည့်ပြီ။ မင်းအခုထိ ဒီမှာရှိနေရင် မင်းကို ဖိတ်ကျွေးမယ်”ဟု မက်ဆေ့ချ်ပို့ခဲ့သည်။ ဓာတ်ပုံထဲက ပိန္နဲသီးများသည် ပျားရည်ရောင် တောက်နေပြီး ကျွန်မ၏ မွေးရပ်ဇာတိ ဆောင်းဦးရာသီက တည်သီးကို သတိရလိုက်သည်။ ထို့ကြောင့်သူ၏စကားပြောပုံကိုအတုယူ၍“ရှင်တရုတ်ပြည်လာရင် ကျွန်မရဲ့ ဇာတိမြို့က တည်သီးတွေ ရှင့်ကိုဖိတ်ကျွေးမယ်”ဟု ပြန်ဖြေလိုက်သည်။

၂၀၂၅ခုနှစ် မတ်လကုန်ပိုင်း မြန်မာနိုင်ငံ ငလျင်လှုပ်ပြီးနောက် သူက WeChat မှ“မြန်မာမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ပါတယ်။ တရုတ်နိုင်ငံက ပထမဆုံးကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ပေးတာ အလွန်ကျေးဇူးတင်ပါတယ်”ဟု မက်ဆေ့ချ်ပို့လာသည်။“မင်းက တရုတ်လူမျိုးဖြစ်လို့ မင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်”ဟု ဆိုသည်။ထိုအခိုက် ဖုန်းမျက်နှာပြင်ပေါ်က မြန်မာစာလုံးများသည် နည်းနည်းပူနွေးလာသလို ခံစားရပြီး ဤစာလုံးများက ၁၉၅၀ပြည့်နှစ်က ဝန်ကြီးချုပ်ချူအင်လိုင်းနှင့် ဝန်ကြီးချုပ်ဦးနုတို့ လက်ဆွဲနှုတ်ဆက်သည့် ဓာတ်ပုံဟောင်းနှင့် ယနေ့ညက နယ်စပ်ဖြတ်ကျော်လာသော ကယ်ဆယ်ရေး ယာဉ်တန်းရှည်များကို ပြန်လည်အသက်သွင်းလိုက်သည်။

ရန်ကုန်တွင် စာသင်နေချိန်ကာလအချိန်အများစုက ကျောင်းတွင် ကုန်ဆုံးသည်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် တရုတ်ဘာသာဌာနရှိပြီး တရုတ်ဘာသာ ပညာသင်နေသော မြန်မာသူငယ်ချင်းများနှင့် မိတ်ဆွေဖွဲ့နိုင်မည်ကို အလွန်စောင့်မျှော်ခဲ့သည်။ တရုတ်နိုင်ငံမှ မြန်မာစာသင်ကျောင်းသားများနှင့် မြန်မာနိုင်ငံမှ တရုတ်စာသင်ကျောင်းသားများ အတွေးအခေါ်ဖလှယ်မှုသည် မည်မျှစိတ်ဝင်စားဖွယ်ကောင်းပါမည်နည်း။ လက်တွေ့တွင် တရုတ်စာပညာသင်နေသော ကျောင်းသူနှစ်ဦးနှင့် ကံကောင်းစွာ တွေ့ဆုံခဲ့သည်။ ထိုကာလက ကျွန်မတို့သည် နိုင်ငံရပ်ခြားတွင် ပညာသင်ယူသော ဘဝကို ဗီဒီယိုရိုက်ကူးရန် စီစဉ်နေချိန်ဖြစ်တာနဲ့ သူမတို့အား ဗီဒီယိုထဲ ပါဝင်ရန်ဖိတ်ခေါ်ခဲ့သည်။ အင်တာဗျူးမေးခွန်းထဲတွင်“တရုတ်စာ ဘာကြောင့်သင်တာလဲ”ဟု မေးရာ သူမတို့က“တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ၊ တရုတ်နိုင်ငံသည် သူတို့အတွက် လုံးဝမစိမ်းတဲ့ နိုင်ငံဖြစ်ပြီး တရုတ်စာသင်ခြင်းက အခွင့်အလမ်း ပိုရစေတယ်”ဟု ဖြေကြားခဲ့သည်။

အားလပ်ချိန် စကားဝိုင်းတွင် သူမတို့က တရုတ်ဇာတ်လမ်းတွဲများနှင့် တရုတ်အစားအစာများကို အထူးသဘောကျကြောင်း စိတ်လှုပ်ရှားစွာ ပြောသည်။ကျောင်းသူတစ်ဦးက“Hidden Love”ဇာတ်လမ်းတွဲက မြန်မာမှာ အရမ်းရေပန်းစားတယ်။ ဟော့ပေါ့နဲ့ မာလာထန်လည်း လူကြိုက်များတယ်”ဟု ပြောသည်။သူမက“တရုတ်မှာ အလုပ်လုပ်ချင်တယ်”ဟု ဆိုရာတွင် ကျွန်မသည် ရန်ကုန်ရောက်စက အတွေ့အကြုံတစ်ခုကို ပြန်သတိရမိသည်။ ဆရာမတစ်ဦး၏ မိတ်ဆက်ပေးမှုကြောင့် ရန်ကုန်ရှိ တရုတ်စာသင်ကျောင်းတစ်ခုတွင် လက်တွေ့သင်ကြားရန် အခွင့်အရေးရခဲ့စဉ်က တရုတ်စာသင်ပေးနေသော မြန်မာဆရာများနှင့် တွေ့ဆုံခဲ့သည်။သူတို့ထဲမှ အချို့မှာ တရုတ်စာဌာနမှ ဘွဲ့ရသူများဖြစ်ပြီး အချို့မှာလည်း ကိုယ်တိုင်လေ့လာသူများ ဖြစ်ကြသည်။ အားလုံးတွင် တရုတ်နိုင်ငံအပေါ် စင်ကြယ်သော ခင်မင်မှုရှိကြသည်။အားလပ်ချိန်တွင် ဆရာမတစ်ဦးက ကျွန်မကို တရုတ်နိုင်ငံမည်သည့်မြို့မှလာကြောင်းမေးရာ“ရှန်းတုန်းပြည်နယ်၊ မြောက်ပိုင်းနှင်းကျဒေသမှ လာတာ”ဟု ဖြေသည်။သူမ၏ မျက်လုံးများ တောက်ပလာပြီး“သူ၏ ညီမလေးက တရုတ်မှာ ကွန်ပျူတာသင်နေတယ်ဟု ပြောသည်။ သူက တရုတ်ပြည်ကို သွား၍ အလုပ်လုပ်လိုကြောင်း၊ ခရီးသွားချင်ကြောင်း၊ နှင်းတွေကြည့်ချင်ကြောင်း”ပျော်ရွှင်စွာ ပြောသည်။ ရန်ကုန်တွင် မိုးပဲရှိတယ်၊ နှင်းမကျဘူး။ ကျွန်မသည် ပြတင်းပေါက်မှ အပြင်ကို ကြည့်လိုက်စဉ် မိုးများ ရွာနေသည်။ ထိုမြင်ကွင်းသည် ကျွန်မ မြန်မာနိုင်ငံမရောက်မီ မိုးရာသီကို စိတ်ကူးယဉ်ခဲ့သည့်အတိုင်း သူမ နှင်းမမြင်ဖူးသော ခံစားချက်နှင့် တူညီနေသည်။

ရန်ကုန်တွင် မိုးရာသီမှ ဆောင်းတွင်း၊ စိုထိုင်းချိန်မှ အေးမြချိန်အတွင်း ကျွန်မတွေ့ဆုံခဲ့သော တက္ကစီဆရာ၊ ဈေးသည်များ၊ စားပွဲထိုးများနှင့် အခြားလူမျိုးစုံတို့သည် တရုတ်စကားလုံးအနည်းငယ်ကို ပြောတတ်ကြသည်။ တစ်ခါက ဈေးဆိုင်ရှင်မတစ်ဦးသည် သိပ်၍မကျွမ်းကျင်သော တရုတ်စကားဖြင့် ကျွန်မကို ဈေးရောင်းပေးခဲ့သည်။“တရုတ်ဧည့်သည်တွေအတွက် သင်ယူထားတာ”ဟု ပြောသည်။ ဤမြို့၏ ထောင့်တစ်နေရာရာတွင် မကျွမ်းကျင်သော်လည်း စိတ်ရင်းမှန်ဖြင့် ပြောနေသော တရုတ်စကားများသည် ၂၂၀၀ကျော် ကီလိုမီတာရှည်လျားသော နယ်စပ်လမ်းကြောင်း တစ်ဖက်ရှိ အသံကို တုံ့ပြန်နေသည်။

ဤသည်မှာ တိုက်ဆိုင်မှုမဟုတ်။ တရုတ်လူမျိုးများ ဤမြေပေါ်သို့ စိတ်အားထက်သန်စွာ ရောက်လာခဲ့ကြသည်။ လွန်ခဲ့သော နှစ်တစ်ထောင်က ပျူဂီတသံများ နှစ်ကာလများကို ထိုးဖောက်၍ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် အခမ်းအနားကို တောတောင်ရေမြေတွေက သက်သေ၊ လနှင့် နေက မှတ်တမ်းပြု၍ နှစ်ပေါင်းထောင်ချီသော ဤအပြန်အလှန်နားလည်မှုသည် နှစ်နိုင်ငံ၏ သွေးကြောထဲသို့ ထွင်းထုထားပြီး ဖြစ်သည်။

分享到: