> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨钻禧年友谊颂


钻禧年友谊颂

缅甸驻华大使 吴丁貌瑞

自从1950年6月8日两国正式建交以来,缅甸和中华人民共和国于20世纪播下的友谊种子,历经岁月滋养,如今已迎来熠熠生辉的钻石禧年。

有史可证,缅中双边关系的渊源可追溯至公元802年骠国时期(Sri Ksetra Pyu)。彼时,骠国国王遣使团远赴中国。自此,缅中交往的序幕拉开。缅中交往绵延逾1200年,宛如一条奔腾不息的历史长河。

在蒲甘王朝(公元1044-1287年),缅中交往史册上留下了浓墨重彩的一笔——阿欣·迪沙·帕茂(Ashin Disha Pamauk)作为缅甸首位使节出使中国,开启了双方高层交往的新纪元。

佛教是缅中文化中的重要组成,也是缅中两国交往的重要纽带,在促进两国关系发展中发挥了不可替代的重要作用。缅中关系恰如两国文化源远流长,底蕴深厚。

几个世纪以来,两国贸易往来如织,外交与文化交流乐章从未停歇。回首现代缅中关系的开端,二战期间,那条从印度延伸至中国的重要通道被命名为缅甸公路(注:滇缅公路)。近代,众多华人自中国福建、广东漂洋过海迁徙至缅甸,他们在这片土地上辛勤耕耘,繁衍生息。时至今日,缅甸的唐人街依然热闹非凡,成为缅中文化交融的生动见证。

1949年10月1日,在毛泽东主席的领导下,中国共产党建立了中华人民共和国。同年12月,缅甸政府率先正式承认中华人民共和国,成为首个承认新中国的非共产主义国家。

1950年6月8日,缅甸与新中国正式建立外交关系。同年6月10日,缅甸在北京设立大使馆,任命吴敏登大使为缅甸首任驻新中国大使。此后,缅甸陆续派出大使,而我有幸担任第20任缅甸驻中华人民共和国大使,深感光荣与责任重大。

1954年,中印缅三国共同提出和平共处五项原则,即互相尊重主权和领土完整,互不侵犯,互不干涉内政,平等互利,和平共处。这些原则为构建新型国际关系作出了重大贡献。

和平共处五项原则签署后,缅中关系如沐春风,发展势头强劲。两国领导人频繁互访,共叙友好情谊。据史料记载,中国总理周恩来曾9次对缅甸进行友好访问,吴奈温曾12次访华,留下了许多脍炙人口的佳话。

在这期间,中缅两国携手共进,两国边境共树立了402块界碑,为两国边境的和平稳定奠定了坚实基础。1961年1月4日,缅甸政府授予中国总理周恩来“崇高、伟大、博爱和光荣的拥护者(Agga Maha Metta Thiri Dara)”称号,授予副总理陈毅元帅“伟大荣誉英雄(Thadoe Maha Thray Sithu)”称号,以表彰他们为缅中友好关系作出的卓越贡献。

1991年,中国国家主席李先念1985年访缅期间签署协议赠送缅方的缅甸国家剧院(仰光国家大剧院)如期建成正式移交缅甸政府,成为两国关系的又一友好象征。

1988年后,缅中两国经济、工业合作重焕生机,仰光-丁茵大桥项目顺利启动。此外,缅中边境贸易于1988年12月恢复,为两国经济发展注入了新的活力。得益于两国关系的良好发展,时任国家和平与发展委员会主席丹瑞大将于1989年至2010年三次访华,此后吴登盛总统于2011年至2015年五次访华,吴廷觉总统也于2017年正式对中国进行友好访问。中国国家主席习近平于2020年首次作为国家最高领导人出访缅甸,政府间高层交往持续为两国关系的发展注入强大动力。

几十年来,缅中两国在地区和全球事务中始终相互坚定支持。2007年,中国在联合国安理会否决了对缅甸实施制裁的决议,彰显了对缅甸的深厚情谊与坚定立场。此外,缅甸一贯奉行“一个中国”政策,中国也始终尊重缅甸的主权和领土完整。两国的双边关系历经岁月洗礼,在相互尊重、互不干涉和互利合作的基础上愈发稳固,彰显了两国胞波兄弟般的深厚友谊。

患难见真情。2025年3月28日,缅甸曼德勒突发特大地震,给缅甸人民带来了沉重灾难。危难之际,中国第一个向缅甸派出救援队,火速驰援。随后,中国又先后宣布提供1亿元人民币及追加10亿元人民币的援助,累计总额高达11亿元人民币,成为全球向缅甸提供援助最多的国家。值此,我谨代表缅甸人民向中国政府和人民致以最诚挚的感谢。

无论从何种角度而言,值此当下中缅关系步入钻石禧年的重要节点,我能出任缅甸驻华大使,并撰写此纪念文章,感到十分荣幸。

我们回溯缅中关系历史,两国间虽曾出现过冲突与波折,但是经济往来的纽带从未断裂。历史长河沉淀下诸多经验教训,犹如熠熠生辉的明灯,为我们照亮前行的道路,值得后人深入借鉴与汲取。正如学者们所强调的:“研究历史方能洞察现在。”本文梳理并呈现了缅中关系历史上的重要转折节点,旨在为后世子孙传递积极向上的信念与力量。我们坚信,在缅中建交75周年这一具有里程碑意义的时刻,两国友谊将与世长存,永放光辉。

………………………………….

由中国再度援助修缮升级后的缅甸国家剧院

တရုတ်နိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံပြင်ဆင်ပြီးသည့် အမျိုးသားဇာတ်ရုံ(ရန်ကုန်)

……………………………………..

စိန်ရတုချစ်ကြည်ရေးခရီးမှသည်

ဦးတင်မောင်ဆွေ

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ချစ်ကြည်ရေးခရီးသည် (၂၀)ရာစုအတွင်း သံတမန်ဆက်ဆံရေး တရားဝင်ထူထောင်ခဲ့သည့် ၁၉၅၀ပြည့်နှစ် ဇွန်လ၈ရက်နေ့မှ စတင်၍ ရေတွက်မည်ဆိုပါက စိန်ရတုတိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

မြန်မာ-တရုတ်နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံမှုကို သရေခေတ္တရာပျူဘုရင်လက်ထက် အေဒီ၈၀၂ခုနှစ်တွင် တရုတ်နိုင်ငံသို့ သံအဖွဲ့စေလွှတ်ခဲ့သည့် အထောက်အထားရှိပြီး ပညာရှင်များမှ မှတ်တမ်းတင်ထားရာ မြန်မာ-တရုတ်ဆက်ဆံရေးမှာ နှစ်ပေါင်း၁၂၀၀ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းများအနက် ထင်ရှားဆုံးသော အချက်မှာ ပထမမြန်မာနိုင်ငံတော် ပုဂံမင်းဆက် (အေဒီ၁၀၄၄-၁၂၈၇) ကာလအတွင်း ပထမဆုံးသော မြန်မာသံတမန်အနေဖြင့် အရှင်ဒိသာပါမောက်အား တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ 

မြန်မာနှင့် တရုတ် နှစ်နိုင်ငံစလုံးတွင် အရေးပါသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့် ဗုဒ္ဓဘာသာသည် နှစ်နိုင်ငံဆက်ဆံရေး အခန်းကဏ္ဍမြှင့်တင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သို့အတွက်ကြောင့် မြန်မာ-တရုတ်ဆက်ဆံရေး သမိုင်းသည် နှစ်နိုင်ငံ၏ ယဉ်ကျေးမှုများကဲ့သို့ ရှေးကျလျက် ရှိနေတာ ဖြစ်ပါတယ်။ 

ရာစုနှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကုန်သွယ်မှု၊သံတမန်ရေးရာနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းများကို နှစ်နိုင်ငံပြည်သူများ အတူတ ကွဆောင်ရွက်ခဲ့ကြသလို ခေတ်သစ်မြန်မာ-တရုတ်ဆက်ဆံရေး အစကို လေ့လာကြည့်မည်ဆိုပါက ဒုတိယကမ္ဘာစစ်တွင် အရေးပါသည့် အိန္ဒိယပြည်မှ တရုတ်ပြည်သို့ ဖောက်သော လမ်းမကြီးကို Burma Roadအမည်ဖြင့် မှည့်ခေါ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ရှေးယခင်က တရုတ်ပြည်မှ မြန်မာပြည်သို့ ပြောင်းရွှေ့နေထိုင်ကြသော တရုတ်လူမျိုး အများအပြား ရှိခဲ့ကြပါတယ်။မြန်မာနိုင်ငံအတွင်း တရုတ်တန်းဟုခေါ်သည့် နေရာများ ယနေ့အထိ ရှိနေခဲ့ပါတယ်။ 

၁၉၄၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင် (ဥက္ကဋ္ဌမော်စီတုန်းဦးဆောင်သည့်) ကွန်မြူနစ်အစိုးရသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ်ကို တည်ထောင်ခဲ့ပြီး ၁၉၄၉ခုနှစ် ဒီဇင်ဘာလတွင် မြန်မာအစိုးရမှ တရားဝင် အသိအမှတ်ပြုခဲ့ကြပါတယ်။

ထို့ကြောင့် မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုသည့် ပထမဆုံးကွန်မြူနစ်မဟုတ်သော နိုင်ငံဖြစ်ခဲ့ပါတယ်။ ၁၉၅၀ပြည့်နှစ် ဇွန်လ ၈ရက်နေ့တွင် မြန်မာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံတမန်ဆက်ဆံရေး တရားဝင်ထူထောင်ခဲ့ပြီး ၁၉၅၀ပြည့်နှစ် ဇွန်လ၁၀ရက်နေ့တွင် မြန်မာသံရုံးကို လက်ရှိမြို့တော် ပေကျင်းသို့ ပြောင်းရွှေ့ခဲ့ကြကာ ပထမဆုံးမြန်မာသံအမတ်ကြီးမှာ ဦးမြင့်သိန်းဖြစ်ပြီး မြန်မာနိုင်ငံမှ သံအမတ်ကြီးများကို တစ်ဦးပြီး တစ်ဦး စဉ်ဆက်မပြတ် စေလွှတ်ခဲ့ရာ ကျွန်တော်သည် (၂၀)ဦးမြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိပါတယ်။

၁၉၅၄ခုနှစ်တွင် တရုတ်၊ အိန္ဒိယနှင့် မြန်မာတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို အဆိုပြုခဲ့ပြီး အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အပြန်အလှန်လေးစားရေး၊ အပြန်အလှန် ရန်လိုမှုကင်းရှင်းရေး၊ ပြည်တွင်းရေးတွင် အချင်းချင်း ဝင်ရောက်မစွက်ဖက်ရေး၊ တန်းတူညီမျှရေး၊အပြန်အလှန် အကျိုးခံစားခွင့်နှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့ကို သဘောတူခဲ့ကြသည်။ ဤအခြေခံမူများသည် နိုင်ငံတကာဆက်ဆံရေးပုံစံသစ်ကို တည်ဆောက်ရာတွင် သိသာထင်ရှားသော ပံ့ပိုးကူညီမှု တစ်ခု ဖြစ်ခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို လက်မှတ်ရေးထိုးပြီးနောက် မြန်မာ-တရုတ်ဆက်ဆံရေးသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ ချစ်ကြည်ရေးခရီးလည်ပတ်မှုနှင့်အတူ အရှိန်အဟုန်မြင့်တက်လာခဲ့ကြပါတယ်။သမိုင်းမှတ်တမ်းများအရ တရုတ်ဝန်ကြီးချုပ်မစ္စတာချူအင်လိုင်းဟာ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး၉ကြိမ် လာရောက်ခဲ့ပြီး ဦးနေဝင်းသည် တရုတ်နိုင်ငံသို့ ၁၂ကြိမ် သွားရောက်ခဲ့သည်ကို တွေ့ရှိရပါတယ်။

ဆက်ဆံရေးကောင်းမွန်နေသည့် ထိုကာလမှာ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နယ်နိမိတ် ကျောက်တိုင်ပေါင်း (၄ဝ၂)တိုင် စိုက်ထူခဲ့ပြီး ၁၉၆၁ ဇန်နဝါရီလ ၄ရက်နေ့မှာ မြန်မာအစိုးရမှ တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်းကို“အဂ္ဂမဟာမေတ္တာသီရိဓရ”ဘွဲ့နှင့် ဒုတိယဝန်ကြီးချုပ် မာရှယ်ချင်ယီကို“သတိုးမဟာသရေစည်သူ”ဘွဲ့တို့အား ချီးမြှင့်ခဲ့ကြပါတယ်။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၉ရက်နေ့တွင် အမျိုးသားဇာတ်ရုံ(ရန်ကုန်)ကို တရုတ်နိုင်ငံအစိုးရမှ ကူညီတည်ဆောက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြကာ နှစ်နိုင်ငံဆက်ဆံရေး၏ နောက်ထပ် သင်္ကေတအထိမ်းအမှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

၁၉၈၈ခုနှစ် နောက်ပိုင်း နှစ်နိုင်ငံ စီးပွားရေးနှင့် စက်မှုလက်မှု ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်စတင်ခဲ့ပြီး ရန်ကုန်-သန်လျင်တံတားစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ထို့အပြင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုကို ၁၉၈၈ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ကြပြန်ပါတယ်။ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်မှုကြောင့် ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၈၉-၂၀၁၀ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီး၃ကြိမ်သွားရောက်ခဲ့ကြသလို သမ္မတဦးသိန်းစိန်သည်လည်း ၂၀၁၁ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ၅ကြိမ် ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ကာ သမ္မတဦးထင်ကျော်သည်လည်း ၂၀၁၇ခုနှစ်တွင် တရုတ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတရှီကျင့်ဖိန်သည်လည်း ၂၀၂၀ပြည့်နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သလို မိမိတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေး၌ အစိုးရများအကြား အဆင့်မြင့်ဖလှယ်မှုများသည် အရေးကြီးသော အခန်းကဏ္ဍများမှ ဆက်လက်ပါဝင်နေပါတယ်။

၂၀၀၇ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌  မြန်မာနိုင်ငံအား အပြစ်ပေးမည့် ဆုံးဖြတ်ချက် အစီအစဉ်ချခဲ့ခြင်းကို တရုတ်နိုင်ငံက ဗီတိုအာဏာဖြင့် ပယ်ချပေးခဲ့ခြင်းဖြင့် ဆယ်စုနှစ်များအတွင်း မြန်မာနှင့် တရုတ်တို့သည် ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများတွင် အချင်းချင်း မယိမ်းယိုင်သော ထောက်ခံမှုကို ပြသခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသည်“တရုတ်တစ်ပြည်တည်း မူဝါဒ”ကို အစဉ်တစိုက် လက်ကိုင်ထားပြီး တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို လေးစားခဲ့ကြတာဖြစ်ပါတယ်။ မိမိတို့ နှစ်နိုင်ငံဆက်ဆံရေးသည် အချိန်ကာလ၏ စမ်းသပ်မှုများကို ခံနိုင်ရည်ရှိခဲ့ပြီး အပြန်အလှန်လေးစားမှု၊ ဝင်ရောက်မစွက်ဖက်မှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု၏ သက်သေသာဓကများအဖြစ် တည်ရှိနေပါတယ်။

ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသက်သေအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ရက်တွင် ဖြစ်ပေါ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မြန်မာပြည်သူများ ငလျင်ဘေးဒဏ်ကို အပြင်းအထန်ခံစားနေရချိန်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့များ အစောဆုံးစေလွှတ်ခဲ့သော နိုင်ငံဖြစ်ခဲ့ပြီး အထောက်အပံ့အဖြစ် ဦးစွာ ယွမ်သန်း၁၀၀နှင့် ဆက်လက်၍ ယွမ်သန်း၁,၀၀၀ စုစုပေါင်း ယွမ်သန်း၁,၁၀၀တို့ကို ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံအပေါ် ထောက်ပံ့မှု အများဆုံးပေးခဲ့သော နိုင်ငံလည်း ဖြစ်ခဲ့ပါတယ်။အဆိုပါကူညီထောက်ပံ့မှုများအတွက်လည်းမြန်မာပြည်သူများကိုယ်စားကျေးဇူးအထူးတင်ရှိပါကြောင်းမိမိအနေဖြင့်ဖော်ပြလိုပါတယ်။

မည်သို့ဆိုစေ မျက်မှောက်ခေတ် တရုတ်-မြန်မာဆက်ဆံရေး စိန်ရတုအချိန်၌ မြန်မာနိုင်ငံ ကိုယ်စားပြု သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိနေသူဖြစ်သည့်အတွက် ဤဆောင်းပါးကို ဂုဏ်ယူစွာ ရေးသားဖော်ပြအပ်ပါတယ်။

မြန်မာ-တရုတ်ဆက်ဆံရေး၏ ခေတ်အဆက်ဆက် သံတမန်ဆက်ဆံရေးကို လေ့လာကြည့်မည်ဆိုပါက စစ်ပွဲများ၊ စီးပွားရေးကူးလူးဆက်ဆံမှုများဖြင့် ကင်းကွာ၍ မရသကဲ့သို့ သမိုင်းထဲမှ သင်ခန်းစာ ယူစရာများစွာလည်း ရှိသည်မှာ ငြင်းဆို၍ မရပေ။ “သမိုင်းကိုလေ့လာခြင်းဖြင့် ပစ္စုပ္ပန်ကို ပိုမိုနားလည်နိုင်သည်” ဟူသော ပညာရှင်တို့၏ စကားအရ ဤဆောင်းပါးတွင် မြန်မာ-တရုတ်ဆက်ဆံရေး သမိုင်းအတွင်းရှိ အရေးပါသည့် အချိုးအကွေ့များကို နှောင်းလူတို့အတွက် အကောင်းမြင်သည့် ယုံကြည်ချက်ဖြင့် တင်ပြခြင်းလည်း ဖြစ်သလို မြန်မာ- တရုတ်နှစ်နိုင်ငံဆက်ဆံရေး စိန်ရတု (၇၅) နှစ်ပြည့်မှသည် ကမ္ဘာတည်သ၍ ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေမည်ဟု ယုံကြည်ပါကြောင်း ရေးသားဖော်ပြတင်ဆက်လိုက်ပါတယ်။

分享到: