> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨佛牙舍利四次赴缅甸供奉瞻礼

佛牙舍利四次赴缅甸供奉瞻礼

中国外文局 王凤娟

在古老的典籍记载中,释迦牟尼佛涅槃之后,留下了四颗珍贵的牙齿,其中一颗辗转传入中国。相传在公元十一世纪,缅甸的阿奴律陀王和江喜陀王父子,都曾怀揣着虔诚的心愿,希望将佛牙从中国迎请到缅甸,让缅甸人民得以参拜。这份心愿,如同种子一般,在缅甸人民心中生根发芽,长久地等待着实现的那一天。

1955年4月,中国佛教访缅代表团在仰光期间,吴努总理向中国驻缅甸大使姚仲明和中国佛教协会副会长赵朴初提出了一个期盼已久的请求:希望迎请佛牙到缅甸作一个时期的巡行,供缅甸人民瞻拜。吴努总理承诺,若建议得到同意,缅甸政府将郑重选派使节团到中国来迎奉佛牙。中国政府和佛教协会欣然应允,由此开启了佛牙舍利到缅甸巡行的缘分之旅。

缅甸政府和缅甸联邦佛教协会派出以大法官吴登貌为首的佛教代表团来到中国。1954年10月4日,佛牙起驾仪式在北京庄严举行,随后经南京、上海、杭州和广州,缅甸友人们一路参访佛教寺院和团体。10月15日,代表团从广州飞抵仰光。仰光欢迎佛牙的场面盛大空前,无数色彩鲜明的旗幡随风飘动,人山人海的群众翘首以盼。飞机着陆后,一张特制的金漆大法轮座椅被抬到门口迎接佛牙。法螺和锣鼓齐鸣,诵经歌赞的声音如汹涌的海潮般涌起。吴登貌团长将佛牙捧交给巴宇总统,并向总统和群众详细报告了到中国迎接佛牙的经过。

巴宇总统感慨地说:“作为现代的缅甸人是荣幸的,因为我们不仅欣逢了一生难得的佛徒结集大会,而且现在释迦佛牙又光临我们的国土,对于我们朝拜者来说,是非常幸运的了……祝中缅两国的友谊万代长留!”

中国佛教协会佛牙护送团人员被安置在贵宾车内随护游行。一路上,歌声震地、锣鼓喧天,仰光市民倾城而出迎接佛牙。街道两旁,男女老幼们热情而恭敬地守候着,有的达五六小时以上。他们看见佛牙彩车到来,便此起彼伏地合掌跪拜。沿途设有十几处瞻拜站,佛牙在每站停留两分钟,群众拥上来围绕礼拜,烧香散花,还准备了汽水和扇子送到随行队伍的车上,扇面上都印有佛牙的电传图像。彩车后面的人群像浪潮似地密密层层连接着好几里,望不到尽头。缅方使节团副团长吴千吞惊叹道:“这样庞大的人群是我们这里前所未有的。”

在缅甸期间,中国佛教协会佛牙护送团受到热烈欢迎,人群中不断有人挥手致意。在与长老和信众交流时,一位缅甸长者深情地说:“像这样的事,我们从来没有想到会实现。为此,我们将永远铭记中国人民的情谊。”高僧们为了能够拜佛牙,同声赞叹中国佛教徒的善意。

和平塔石窟位于仰光市内,交通便利,“和平”之意寓意深远。中国的佛牙舍利四次访缅期间,仰光的供奉地都是这里。1956年6月,佛牙奉迎回中国,在过去的7个多月中,有100多万人从缅甸各地到仰光向佛牙朝拜。

自1991年以来,缅甸政府多次邀请中国佛牙舍利再度巡礼缅甸。1994年2月,经中国国务院批准,由国务院宗教事务局和中国佛教协会联合筹办佛牙舍利第二次巡礼缅甸事宜。1994年4月18日下午,佛牙舍利用彩车从北京西山灵光寺佛牙塔运送至广济寺,供奉在大雄宝殿内。4月20日清晨3时,广济寺僧众诵经恭送佛牙启程;7时整,在送行僧俗的佛号声中,中国民航运送佛牙舍利专机正式起飞赴仰光,开始了中国佛牙舍利历时45天第二次巡礼缅甸的行程。

中国佛教协会副秘书长、北京灵光寺方丈常藏法师参加了第二次和第四次佛牙舍利巡行。他回忆起巡行经历,仍感慨万千。1994年是他第一次出访,当飞机还没降落就从机舱窗口看到下面人山人海,人们在烈日下迎候,那场面令人震撼。在此期间,每天24小时都有信徒朝拜,每天达数十万人,不分昼夜从未间断。

在此次巡礼中,从4月20日至5月4日,佛牙舍利一直供奉在仰光和平塔大圣窟内。5月5日始,佛牙舍利用彩车运送至曼德勒,人们在佛牙舍利彩车所经之路,沿途夹道顶礼朝拜。在这次巡行中,途经的各省市及村镇都搭起彩棚,挂起六色旗恭迎佛牙舍利,沿途朝拜的信徒达百万余人。在田里耕种的百姓远远看到佛牙舍利彩车缓缓驶来,放下锄头跑过来跪拜,彩车走远都跪在地上舍不得离开。朝拜的人群中有些是行动不便的老人,他们在子女的搀扶下来到街头,也有些双目失明的盲人在亲友的指点下朝着佛牙彩车的方向双手合十跪拜顶礼。5月19日,佛牙舍利供奉在曼德勒佛教大学礼堂内,尽管气候炎热,但前来朝拜的信徒仍络绎不绝,热烈踊跃。

此后,1996年,应缅甸政府的邀请,佛牙舍利时隔两年第三次赴缅甸巡礼。2011年11月6日至12月24日,佛牙舍利又在缅甸进行了第四次巡礼,超过400万缅甸民众前往瞻拜佛牙舍利,人数创历史纪录。中国佛牙舍利四次赴缅供奉,每次都盛况空前。

2011年,常藏法师在北京灵光寺主持了佛牙舍利第四次赴缅供奉启程法会。在谈到此次佛牙舍利赴缅甸供奉瞻礼的意义时,常藏法师表示,新中国成立后,供奉在灵光寺的佛牙舍利曾于1955年、1994年和1996年先后三次赴缅甸巡礼,接受供奉瞻礼,在缅甸全国引起很大的轰动。他衷心希望两国人民的传统友谊得到进一步的巩固和发展,诚心祈祷佛牙舍利的功德护佑缅甸人民幸福吉祥、国家繁荣、和平安宁。

佛牙舍利四次赴缅甸供奉瞻礼,成了中缅两国人民与佛教信众传统友谊的象征。缅甸佛教代表团团长登貌说,这次中国佛教协会同意缅甸佛教代表团前来奉迎佛牙到缅甸去瞻仰供奉,功德无量,这会使缅中友谊更加巩固和发展。

为了满足人民群众的愿望,缅甸当局在佛牙赴缅巡礼前就曾仿制了两颗佛牙影骨,并在佛牙在缅供奉期间将其供奉于佛牙舍利两侧,这两颗仿制佛牙将供奉在仰光和平塔大圣窟内供群众朝拜。同时,缅政府还用佛牙舍利在缅巡礼期间所收捐款在仰光、曼德勒各建一座佛塔,并将这两颗仿制佛牙分别供奉在两座塔内。常藏法师讲,此后,中国佛教协会以铜鎏金、镶嵌松石等宝石同比例仿制了四颗佛牙影骨,分别赠送给仰光、曼德勒等缅甸城市。

“缅甸给我留下了深刻的印象,像我的第二故乡,访问过40余次,每次像走亲戚一样,有时候一年去多次。希望两国能永远地友好下去,中缅人民成为最亲密的胞波。”常藏法师表示。多年来,无论政府更迭,缅甸政府、政党、军队等各界高层访华时都曾到访灵光寺。缅甸人民也对灵光寺充满感情,缅甸驻华使馆连续多年组织在京缅甸侨民、留学生和在京缅籍务工人员来灵光寺过缅甸新年泼水节,僧俗共同祝愿平安吉祥。

每年泼水节,常藏法师亲领寺内其他法师在佛牙舍利塔内为缅甸朋友们诵经祈福,为院内缅甸友人及大众洒水祈福,参与此次活动的缅甸朋友共同登上佛牙塔跪拜佛牙许愿祈祷。

近年来,常藏法师在访缅过程中,常带领僧俗做慈善,为蒲甘修复长寿塔,建立曼德勒佛学院、蒲甘灵光小学,捐赠拖拉机、发电机,捐资打井帮助村民解决饮水问题等。他说,缅甸是亲戚般的友好邻邦,愿为缅甸百姓提供更多力所能及的帮助。

常藏法师说:“佛教不分国界,将中缅两国紧密联系在一起,共同弘扬和平友善。衷心地祝愿中缅两国友谊永存,世代交好。”

(本文由王凤娟采访整理,鸣谢中国佛教协会、灵光寺提供图文史料。)

……………………………………

佛牙舍利第四次赴缅巡礼供奉于内比都欧巴达丹蒂大金塔期间


佛牙舍利第四次赴缅巡礼供奉于仰光和平塔大圣窟期间


佛牙舍利第四次赴缅甸巡礼

ဗုဒ္ဓမြတ်စွယ်တော် မြန်မာပြည်သို့ လေးကြိမ်တိုင်တိုင် ဒေသစာရီကြွချီ အပူဇော်ခံခြင်း

………………………………..

ဗုဒ္ဓမြတ်စွယ်တော် မြန်မာပြည်သို့ လေးကြိမ်တိုင်တိုင် ဒေသစာရီကြွချီ အပူဇော်ခံခြင်း

ဝမ်ဖုန့်ကျွမ်း

China International Publishing Group – CIPG

ကျမ်းဂန်လာမှတ်တမ်းများအရ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် စွယ်တော်လေးဆူ ကြွင်းကျန်ရစ်ခဲ့ရာ တစ်ဆူမှာ တရုတ်ပြည်သို့ ရောက်ရှိသွားပါတယ်။ အေဒီ၁၁ရာစုက မြန်မာဘုရင်အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့သည် ဗုဒ္ဓမြတ်စွယ်တော်ကို တရုတ်ပြည်မှ မြန်မာပြည်သို့ ပင့်ဆောင်ပူဇော်လိုသည့် ဆန္ဒရှိခဲ့ပြီး မြန်မာပြည်သူတို့ကလည်း အလားတူဆန္ဒမျိုးရှိခဲ့ကြ၍ တရုတ်ပြည်မှာရှိသည့်ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြော်ကြည်ညိုလိုခဲ့ကြပါတယ်။

၁၉၅၅ ခုနှစ် ဧပြီလတွင် တရုတ်ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာသောအခါ ဝန်ကြီးချုပ်ဦးနုဟာ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ကျုံမင်းနှင့် တရုတ်ဗုဒ္ဓဘာသာအသင်း ဒုတိယဥက္ကဋ္ဌ ကျောက်ဖူချိုးတို့အား ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာပြည်သူတို့ ဖူးမြော်ကြည်ညိုလိုသည့်ဆန္ဒရှိကြသည်ဖြစ်၍ ဖူးမြော်ကြည်ညိုနိုင်ရန် အလို့ငှာ မြန်မာပြည်သို့ အချိန်ကာလတစ်ခုကြာပင့်ဆောင်လာမည့်အကြောင်း အဆိုပြုခဲ့ပါတယ်။

အကယ်၍ သူ၏အဆိုပြုချက်ကို လက်ခံမည်ဆိုပါက မြန်မာအစိုးရအနေဖြင့် တရုတ်ပြည်သို့ အထူးကိုယ်စားလှယ်အဖွဲ့စေလွှတ်ကာ ဗုဒ္ဓမြတ်စွယ်တော်ကို ပင့်ဆောင်မည်ဖြစ်ကြောင်းလည်း ကတိပြုခဲ့ပါတယ်။ဝန်ကြီးချုပ်ဦးနု၏ အဆိုပြုချက်အပေါ် တရုတ်အစိုးရနှင့် ဗုဒ္ဓဘာသာအသင်းတို့က လိုလိုလားလား သဘောတူခဲ့ကြပြီးနောက် ဗုဒ္ဓမြတ်စွယ်တော်မှာ မြန်မာနိုင်ငံသို့ အပူဇော်ခံရန် ဒေသစာရီကြွချီတော်မူလာဖို့ ဖြစ်လာခဲ့ပါတယ်။

မြန်မာအစိုးရနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က တရားဝန်ကြီးချုပ် ဦးသိမ်းမောင် ဦးဆောင်သည့် ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ်လိုက်ပါတယ်။ ၁၉၅၄ ခုနှစ် အောက်တိုဘာလ ၄ရက်နေ့ကစ၍ ဗုဒ္ဓမြတ်စွယ်တော် ကြွချီတော်မူခြင်း မဟာမင်္ဂလာအခမ်းအနားကို ပေကျင်း၌ ကျင်းပခဲ့ပြီး နန်ကျင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုး၊ ကွမ်ကျိုးတို့ကို ဖြတ်ကျော်လာခဲ့ကာ မြန်မာမိတ်ဆွေများသည် ဗုဒ္ဓဘာသာဘုရားကျောင်းကန်များနှင့် အဖွဲ့အစည်းများကို လေ့လာခဲ့ကြသည်။ အောက်တိုဘာလ ၁၅ရက်နေ့တွင် ကိုယ်စားလှယ်အဖွဲ့သည် ကွမ်ကျိုးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ရောက်ရှိသည်။ ရန်ကုန်မြို့ရှိ စွယ်တော်ကြိုဆိုသည့် လူထုကြီးမှာ ကြက်ပျံမကျ စည်ကားလှသည်။ လေယာဉ်ဆိုက်ပြီးနောက် လေယာဉ်ပေါ်မှ ဗုဒ္ဓမြတ်စွယ်တော်အား မင်္ဂလာဝေါယာဉ်တော်တစ်စီးဖြင့် လာ၍ပင့်ဆောင်သွားသည်။ ထိုအချိန်တွင် ခရုသင်းသံများ၊ စည်တော်သံများ မြည်ဟည်းလာပြီး ဓမ္မတေးသံများလည်း သီကျူးလာကြသည်။ အဖွဲ့ခေါင်းဆောင် ဦးသိမ်းမောင်က စွယ်တော်ကို လက်အစုံဖြင့် ပင့်ဆောင်ကာ သမ္မတ ဒေါက်တာဦးဘဦးထံ ပေးအပ်ပြီး သမ္မတကြီးနှင့်တကွ ပြည်သူလူထုအပေါင်းအား တရုတ်ပြည်မှ စွယ်တော်ပင့်ဆောင်လာခဲ့သည့် ဖြစ်စဉ်အကြောင်းကို အစီရင်ခံတင်ပြခဲ့သည်။ သမ္မတ ဒေါက်တာဦးဘဦးက “ယနေ့ခေတ် မြန်မာလူမျိုးဖြစ်ရသည်မှာ အင်မတန်ဂုဏ်ယူထိုက်ကြောင်း၊ အကြောင်းမှာမူ မိမိတို့သည် တစ်သက်မှာ တစ်ခါကြုံရခဲလှသည့် သင်္ဂါယနာတင်ပွဲကို ကြုံခဲ့ရသည့်အပြင် ယခုလည်း မိမိတို့ တိုင်းပြည်သို့ ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကြွချီလာသည်နှင့် ကြုံခွင့်ရပြန်သည်မို့ မိမိတို့ ဗုဒ္ဓဘာသာဝင်များအဖို့ အင်မတန်မှ ကံထူးလှကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ၏ ချစ်ကြည်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေဟု ဆုတောင်းပါကြောင်း” ပြောကြားခဲ့သည်။

တရုတ်ဗုဒ္ဓဘာသာအသင်း၊ ဗုဒ္ဓမြတ်စွယ်တော်ပို့ဆောင်ရေးအဖွဲ့ကိုလည်း အထူးဧည့်သည်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းစေလျက် လှည့်လည်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ဓမ္မတေးဂီတများ အသံမစဲ၊ စည်တော်သံများလည်း ညံမစဲရှိခဲ့သည်။ ရန်ကုန်တစ်မြို့လုံးက ရဟန်းရှင်လူပြည်သူအပေါင်း လမ်းပေါ်ထွက်၍ ကြိုဆိုကြသည်။လမ်းဘေးဝဲယာတွင် ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အို၊ ကလေးပါမကျန် အားလုံးက စွယ်တော်အားဖူးမြော်ဖို့ တရိုတသေ စောင့်မျှော်နေကြရာ ငါးနာရီခြောက်နာရီမျှ ကြာမြင့်ခဲ့သည်။ မြတ်စွယ်တော်အား တင်ဆောင်လာသည့် ရတနာရထားယာဉ်ရောက်လာချိန်တွင် အားလုံးက လက်အုပ်ချီမိုး ရှိခိုးကန်တော့ကြသည်။ လမ်းတစ်လျှောက်မှာလည်း အပူဇော်ခံရန် နေရာဆယ်ခုကျော်သတ်မှတ်ထားရာ ဗုဒ္ဓမြတ်စွယ်တော်သည် နေရာတစ်ခုတွင် နှစ်မိနစ်မျှ ရပ်နား၍ အပူဇော်ခံတော်မူသည်။ ပရိသတ်အပေါင်းကလည်း ရှေ့သို့တက်လာကြ၍ ပူဇော်ကန်တော့ကြသည်။ အမွှေးနံ့သာတိုင်များလည်း ထွန်းညှိပူဇော်ကြပြီး ယာဉ်တန်းနှင့်အတူ လိုက်ပါပို့ဆောင်သော အဖွဲ့ကိုလည်း ဘိလပ်ရည်များ၊ ယပ်တောင်များ ကမ်းပေးကြသည်။ ယပ်တောင်များပေါ်တွင် ဗုဒ္ဓမြတ်စွယ်တော်၏ ပုံတော်ကို ရိုက်နှိပ်ထား၏။ ရတနာရထား ယာဉ်နောက်က လူအုပ်ကြီးမှာ ကမ်းမမြင် လမ်းမမြင် လှိုင်းလုံးကြီးသဖွယ် ရှိနေခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင်ဦးချန်ထွန်းက “ကျွန်တော်တို့ဆီမှာ ဒီလောက်များတဲ့ လူအုပ်ကြီးမျိုး တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးဘူး”ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံ၌ ရှိနေစဉ် တရုတ်ဗုဒ္ဓဘာသာအသင်းမှ ဗုဒ္ဓမြတ်စွယ်တော်ပို့ဆောင်ရေးအဖွဲ့ဝင်များမှာ သောင်းသောင်းဖြဖြ ကြိုဆိုခြင်းကို ခံခဲ့ရသည်။ လူအုပ်ကြီးထဲက လက်ဝှေ့ယမ်းနှုတ်ဆက်သူများ အဆက်မပြတ်ရှိခဲ့သည်။ ရဟန်းရှင်လူပြည်သူများနှင့် စကားပြောဖြစ်ခဲ့စဉ် မြန်မာလူမျိုးသက်ကြီးရွယ်အိုတစ်ဦးက “ဒီလိုမျိုး ဖူးမြော်ခွင့်ရရှိလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့ပါဘူးကွယ်။ အဲဒီအတွက်ကြောင့် တရုတ်ပြည်သူတို့ကို အစဉ်ထာဝရအမှတ်ရနေမှာပါ”ဟု ပြောခဲ့သည်။ရဟန်းသံဃာဆရာတော်ကြီးများကလည်း ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြော်ခွင့်ရရှိသည့်အတွက် တရုတ်ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ကောင်းစေတနာကို သာဓုခေါ်ခဲ့ကြသည်။

သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေမဟာပါသဏလိုဏ်ဂူတော်သည် ရန်ကုန်မြို့၌တည်ရှိသည့်အလျောက် သွားလာရေး အဆင်ပြေလွယ်ကူသည်။ ကမ္ဘာအေးဆိုသည်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးဟူသော အနက်ကိုလည်းဆောင်သည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်လာသည့် လေးကြိမ်စလုံး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေမဟာပါသဏလိုဏ်ဂူတော်၌ ပင်ကိန်းဝပ်စံပယ်တော်မူခဲ့သည်။ ၁၉၅၆ ခုနှစ် ဇွန်လတွင် ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်ပြည်သို့ ပြန်လည်ကြွမြန်းသည်။ ဗုဒ္ဓမြတ်စွယ်တော် မြန်မာနိုင်ငံ၌ ကိန်းဝပ်စံပယ်တော်မူခဲ့သည့် ၇လကျော်ကာလအတွင်း မြန်မာပြည်အနယ်နယ်အရပ်ရပ်က ပြည်သူ၁၀သိန်းကျော်မျှ ရန်ကုန်မြို့သို့ရောက်လာ၍ ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြော်ကြည်ညိုခဲ့ကြသည်။

၁၉၉၁ ခုနှစ် မှစ၍ မြန်မာအစိုးရသည် တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် ထပ်မံပင့်ဆောင်ခဲ့သည်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဗုဒ္ဓမြတ်စွယ်တော်အား မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ပင့်ဆောင်အပူဇော်ခံရေးကိစ္စကို နိုင်ငံတော်ကောင်စီသာသနာရေးဗျူရိုနှင့် တရုတ်ဗုဒ္ဓဘာသာအသင်းတို့က ပူးပေါင်းစီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၉၄ ခုနှစ် ဧပြီလ ၁၈ရက်နေ့ မွန်းလွဲပိုင်းတွင် ဗုဒ္ဓမြတ်စွယ်တော်ကို ပေကျင်းမြို့ ရှီးဆန်းလင်ကွမ်းကျောင်းတိုက်မှ ကွမ်ကျိကျောင်းတိုက်သို့ ရတနာရထားယာဉ်ဖြင့် ပင့်ဆောင်၍ မဟာဝီရဗိမာန်ဆောင်၌ ခေတ္တကိန်းဝပ်တော်မူသည်။ ဧပြီလ ၂၀ရက် နံနက် ၃နာရီအချိန်တွင် ကွမ်ကျိကျောင်းတိုက်မှ ရဟန်းတော်များက ဗုဒ္ဓမြတ်စွယ်တော်အား အနေကဇာတင်သည်။ ၇နာရီတိတိတွင် ဗုဒ္ဓမြတ်စွယ်တော်ပို့ဆောင်ရေးအဖွဲ့က ရဟန်းတော်များ၏ မြတ်စွာဘုရားဂုဏ်တော်ရွတ်ဆိုသံနှင့်အတူ ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်လေကြောင်းပို့ဆောင်ရေးက အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ဒေသစာရီကြွချီတော်မူ၍ ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ ၄၅ရက်ကြာ လှည့်လည်အပူဇော်ခံမည့် ခရီးစဉ်ကို စတင်ခဲ့သည်။

တရုတ်ဗုဒ္ဓဘာသာအသင်း ဒုတိယအတွင်းရေးမှူးချုပ်၊ ပေကျင်းမြို့လင်ကွမ်းကျောင်းတိုက် ဗုဒ္ဓစွယ်တော်တိုက်ဆရာတော်ချန်ကျန့်သည် ဗုဒ္ဓမြတ်စွယ်တော်၏ ဒုတိယအကြိမ်နှင့် စတုတ္ထအကြိမ် ဒေသစာရီကြွချီခြင်း ခရီးတို့တွင် လိုက်ပါခဲ့သည်။ ၁၉၉၄ ခုနှစ်က ပထမဆုံးအကြိမ်ရောက်ရှိလာချိန်တွင် လေယာဉ်မဆင်းသက်မီကပင် အောက်မှာ စောင့်ကြိုနေကြသည့် လူပင်လယ်ကြီးကို လေယာဉ်ပြတင်းပေါက်မှတစ်ဆင့် မြင်တွေ့ခဲ့ရသည်။ နေပူကျဲကျဲအောက်မှာ စောင့်ကြိုနေကြသည်ဖြစ်၍ အထူးပင် အံ့အားသင့်ဖွယ်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသို့ ဒေသစာရီကြွရောက်လာစဉ်အတောအတွင်း ဗုဒ္ဓမြတ်စွယ်တော်အား နေ့စဉ် ၂၄နာရီပတ်လုံး လာရောက်ဖူးမြော်ကြည်ညိုသူများ မပြတ်ရှိနေခဲ့ရာ နေ့စဉ်လူတစ်သိန်းမျှ အဆက်မပြတ် ရောက်လာခဲ့ပေသည်။

ထိုတစ်ကြိမ် ဒေသစာရီကြွချီတော်မူစဉ် ဧပြီလ ၂၀ရက်နေ့မှ မေလ၄ရက်နေ့အထိ ဗုဒ္ဓမြတ်စွယ်တော်သည် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမဟာပါသဏလိုဏ်ဂူတော်၌ ကိန်းဝပ်စံပယ်တော်မူခဲ့သည်။ မေလ ၅ရက်နေ့ကစ၍ ဗုဒ္ဓမြတ်စွယ်တော်အား ရတနာရထားယာဉ်ပုံစံဆင်ယင်ထားသော မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ ပင့်ဆောင်သည်။

ရတနာရထားယာဉ်ဖြတ်သွားရာ လမ်းခရီးတစ်လျှောက်တွင် ပြည်သူတို့က လမ်းဘေးဝဲယာနှစ်ဖက်ကနေ၍ ပူဇော်ကန်တော့ခဲ့ကြသည်။ ထိုတစ်ကြိမ် ဒေသစာရီခရီး၏ လမ်းခရီးတစ်လျှောက် မြို့ရွာများတွင် မဏ္ဍပ်များထိုးကာ သာဿနာ့အလံများ လွှင့်ထူလျက် ဗုဒ္ဓမြတ်စွယ်တော်အား ဆီးကြိုပူဇော်ခဲ့ကြသည်။ လမ်းခရီးတစ်လျှောက် ဖူးမြော်ကြည်ညိုကြသူ အရေအတွက်မှာ ဆယ်သိန်းကျော်မျှအထိ ရှိသည်။ လယ်ထဲယာထဲတွင် အလုပ်လုပ်နေကြသော ပြည်သူတို့ကလည်း ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်လာသည့် ရတနာရထားယာဉ်ကို အဝေးကတည်းက မြင်ရသည်နှင့် လက်ထဲက အလုပ်တွေကို လွှတ်ချကာ အပြေးအလွှား လာရောက်ပူဇော်ကန်တော့ကြသည်။ ရတနာရထားယာဉ် အဝေးသို့ထွက်ခွာသွားပြီးသည့်တိုင် မြေကြီးထက်မှာ ဒူးထောက်ထိုင်နေကြဆဲဖြစ်၏။ ပူဇော်ကန်တော့ကြသည့် ပရိသတ်ထဲတွင် သွားလာလှုပ်ရှားရန် အခက်အခဲရှိသည့် သက်ကြီးရွယ်အိုများလည်း ပါဝင်ရာ ထိုသူတို့အား သားသမီးများက လမ်းပေါ်ထိရောက်အောင် တွဲကူ၍ ခေါ်လာခဲ့ကြခြင်း ဖြစ်သည်။ ဒါ့အပြင် အမြင်အာရုံချို့တဲ့သူလည်း ပါဝင်ရာ သူတို့ကိုလည်း ဆွေမျိုးမိတ်သင်္ဂဟများက ကူညီတွဲခေါ်လာကြသဖြင့် ဗုဒ္ဓမြတ်စွယ်တော်အား ပင့်ဆောင်လာသည့် ရတနာရထားယာဉ်ဘက်သို့ လက်အုပ်ချီမိုး ရှိခိုးကန်တော့နိုင်ခဲ့ကြသည်။ မေလ၁၉ရက်နေ့တွင် ဗုဒ္ဓမြတ်စွယ်တော်သည် မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ဝင်းအတွင်းရှိ စံကျောင်းတော်၌ ကိန်းဝပ်စံပယ်တော်မူသည်။ ရာသီဥတုပူပြင်းလင့်ကစား လာရောက်ဖူးမြော်ကြည်ညိုသူများ မပြတ်ရှိနေခဲ့၍ ကြက်ပျံမကျ စည်ကားနေခဲ့ပေသည်။

ထို့နောက် ၁၉၉၆ ခုနှစ်တွင် မြန်မာအစိုးရက ပင့်ဖိတ်သောကြောင့် ဗုဒ္ဓမြတ်စွယ်တော်သည် အချိန်ကာလနှစ်နှစ်ကြာပြီးနောက် မြန်မာနိုင်ငံသို့ တတိယအကြိမ် ဒေသစာရီကြွချီတော်မူလာခဲ့သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိတွင်လည်း ဗုဒ္ဓမြတ်စွယ်တော်သည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ဒေသစာရီကြွချီတော်မူလာခဲ့ပြန်ရာ လာရောက်ဖူးမြော်ကြည်ညိုသူ ပရိတ်သတ် သိန်း ၄၀ ကျော်ရှိ၍ ဖူးမြော်ကြည်ညိုသူအရေအတွက် အများဆုံး စံချိန်တင်ခဲ့သည်။ တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော် မြန်မာနိုင်ငံသို့ ဒေသစာရီကြွချီလာသည့် အကြိမ်တိုင်းမှာ အထူးပင်စည်ကားခမ်းနားခဲ့သည်ချည်းပင် ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ဆရာတော်ချန်ကျန့်သည် ပေကျင်းမြို့ လင်ကွမ်းကျောင်းတိုက်၌ ဗုဒ္ဓမြတ်စွယ်တော် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ဒေသစာရီကြွချီရန်အတွက် အနေကဇာတင်ခြင်းကို ဦးစီးဆောင်ရွက်သည်။ ထိုတစ်ကြိမ် ဗုဒ္ဓမြတ်စွယ်တော်အား မြန်မာနိုင်ငံသို့ ပင့်ဆောင်ခြင်း၏ အနှစ်သာရအကြောင်း မိန့်ကြားခဲ့စဉ်တွင် ဆရာတော်ချန်ကျန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ပြီးနောက်ပိုင်း လင်ကွမ်းကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓမြတ်စွယ်တော်သည် ၁၉၅၅ နှစ်တုန်းက တစ်ကြိမ်၊ ၁၉၉၄ ခုနှစ်တုန်းက တစ်ကြိမ်၊ ၁၉၉၆ ခုနှစ်တုန်းက တစ်ကြိမ်၊ စုစုပေါင်းသုံးကြိမ်တိုင်တိုင် မြန်မာနိုင်ငံသို့ ဒေသစာရီကြွချီအပူဇော်ခံခဲ့ရာ မြန်မာတစ်ပြည်လုံး အုတ်အော်သောင်းတင်း စည်ကားခဲ့ကြောင်း နှစ်နိုင်ငံပြည်သူတို့၏ အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မြဲစေလိုကြောင်း၊ ဗုဒ္ဓမြတ်စွယ်တော်၏ တန်ခိုးတော်ကြောင့် မြန်မာပြည်သူတို့ သုခမင်္ဂလာအပေါင်းပြည့်စုံလျက် တိုင်းပြည်စည်ပင်ဖွံ့ဖြိုးကာ ငြိမ်းချမ်းအေးချမ်းပါစေဟု ဆုတောင်းပါကြောင်း မိန့်ကြားခဲ့သည်။

ဗုဒ္ဓမြတ်စွယ်တော် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ဒေသစာရီကြွလာခြင်းမှာ တရုတ်- မြန်မာနှစ်နိုင်ငံ ပြည်သူနှင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ အစဉ်အလာချစ်ကြည်ရင်းနှီးမှု၏ အမှတ်လက္ခဏာ ဖြစ်လာခဲ့သည်။ တရုတ်ဗုဒ္ဓဘာသာအသင်းအနေဖြင့် ဗုဒ္ဓမြတ်စွယ်တော်ကို လာရောက်ပင့်ဆောင်ပူဇော်ရန် မြန်မာဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့အား ခွင့်ပြုခဲ့ခြင်းမှာ အင်မတန်ကုသိုလ်ကြီးလှကြောင်း ၎င်းက တရုတ်- မြန်မာချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မြဲစေမည်ဖြစ်ကြောင်း မြန်မာဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးသိမ်းမောင်က ပြောခဲ့ဖူးသည်။

ပြည်သူလူထု၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာအစိုးရတာဝန်ရှိသူများက ဗုဒ္ဓမြတ်စွယ်တော် ဒေသစာရီကြွမလာမီတည်းကပင် စွယ်တော်ပွားနှစ်ဆူပြုလုပ်ပြီး ဗုဒ္ဓမြတ်စွယ်တော် မြန်မာနိုင်ငံသို့ ကြွရောက်လာချိန်တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမဟာပါသဏလိုဏ်ဂူတော်၌ ဗုဒ္ဓမြတ်စွယ်တော်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အတူကိန်းဝပ်စံပယ် အပူဇော်ခံခဲ့သည်။ တစ်ချိန်တည်းတွင် မြန်မာအစိုးရက ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံရာကရရှိသည့် အလှူငွေများဖြင့် ရန်ကုန်နှင့် မန္တလေးတို့၌ စွယ်တော်မြတ်စေတီတော်တစ်ဆူစီ တည်ထား၍ စေတီတော်တစ်ဆူစီတွင် စွယ်တော်ပွားတစ်ဆူစီ အသီးသီး ဌာပနာခဲ့သည်။ ဆရာတော်ချန်ကျန့်က နောက်ပိုင်းမှာလည်း တရုတ်ဗုဒ္ဓဘာသာအသင်းက စွယ်တော်ပွားများ ပြုလုပ်၍ ရွှေစင်၊ ကျောက်မျက်တို့ဖြင့် အချိုးအစား တူညီစွာ ပြုလုပ်ထား‌သော ရတနာစီခြယ် ရွှေသားစွယ်တော်ကြုတ်နှင့်တကွ မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများသို့ တစ်ဆူစီ လက်ဆောင်ပေးခဲ့သေးသည်ဟု မိန့်ကြားပါသည်။

“မြန်မာပြည်ကို ဘုန်းကြီးက နက်ရှိုင်းတဲ့ အာရုံစွဲထင်မှုရှိတယ်။ မြန်မာပြည်ကို အကြိမ် ၄၀ ကျော် ရောက်ဖူးတာကြောင့် ဘုန်းကြီးရဲ့ ဒုတိယဇာတိမြေလို ဖြစ်နေပါပြီ။ ဆွေမျိုးအိမ်ကို အလည်သွားသလို ဖြစ်နေပါပြီ။ တချို့နှစ်တွေဆိုရင် တစ်နှစ်အတွင်း အကြိမ်များစွာ သွားခဲ့တာမျိုး ရှိခဲ့တယ်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကို အစဉ်ထာဝရထိန်းသိမ်းသွားနိုင်ဖို့ ဘုန်းကြီးမျှော်လင့်ပါတယ်။ တရုတ်-မြန်မာပြည်သူတွေဟာ အရင်းနှီးဆုံး ဆွေမျိုးပေါက်ဖော်တွေပါ”ဟု ဆရာတော်ချန်ကျန့်က မိန့်ကြားခဲ့သည်။ နှစ်ပေါင်းများစွာ ကာလတစ်လျှောက် အစိုးရတွေ ဘယ်လိုပြောင်းပြောင်း မြန်မာနိုင်ငံ၏ နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီ၊ တပ်မတော် အစရှိသည့် နယ်ပယ်အသီးသီးက အဆင့်မြင့်ပုဂ္ဂိုလ်တို့သည် တရုတ်ပြည်သို့ အလည်အပတ် ခရီးရောက်ရှိလာတိုင်း လင်ကွမ်းကျောင်းတိုက်သို့ သွားရောက်ခဲ့ဖူးသည်ချည်းသာဖြစ်၏။ မြန်မာပြည်သူတို့ကလည်း လင်ကွမ်းကျောင်းတိုက်အပေါ် သံယောဇဉ်ရှိကြသည်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသည် နှစ်စဉ်ဆက်တိုက်ဆိုသလို ပေကျင်းရောက် မြန်မာနိုင်ငံသားများ၊ ပညာတော်သင်များ၊ ပေကျင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဝန်ထမ်းများအား လင်ကွမ်းကျောင်းတိုက်၌ စုစည်းကာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပဆင်နွှဲ၍ ရဟန်းရှင်လူအပေါင်း မင်္ဂလာရှိစေကြောင်း အတူတကွ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

နှစ်စဉ်သင်္ကြန်ပွဲတော်ရောက်တိုင်း ဆရာတော်ချန်ကျန့် ကိုယ်တိုင်ကျောင်းရှိ အခြားရဟန်းတော်များကို ဦးဆောင်ကာ ဗုဒ္ဓမြတ်စွယ်တော်စေတီ၌ မြန်မာမိတ်ဆွေများအတွက် ဆုတောင်းမေတ္တာပို့သပေးကြသည်။ ကျောင်းသို့ရောက်ရှိလာကြသည့် မြန်မာမိတ်ဆွေများကိုလည်း အတာရေစင် ပက်ဖျန်း၍ ဆုတောင်းပေးသည်။ မြန်မာမိတ်ဆွေများကလည်း ဗုဒ္ဓမြတ်စွယ်တော် စေတီပေါ်သို့ တက်ရောက်ကာ စွယ်တော်မြတ်အား ဖူးမြော်ကြည်ညိုကြသည်။

ယခုနှစ်များတွင် မြန်မာနိုင်ငံသို့ရောက်ရှိစဉ် ဆရာတော်ချန်ကျန့်က ရဟန်းတော်များကို ဦးဆောင်ကာ ကုသိုလ်ကောင်းမှု အလှူဒါနပြုလုပ်သည်။ ပုဂံဒေသတွင် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းခြင်း၊ မန္တလေး၌ စာသင်တိုက်နှင့် ပုဂံ၌ လင်ကွမ်းမူလတန်းကျောင်းတို့ တည်ဆောက်ခြင်း၊ လယ်ထွန်စက်များ၊ မီးစက်များလှူဒါန်းခြင်း၊ ကျေးရွာနေပြည်သူများ၏ ရေအခက်အခဲကို ကူညီရန်အတွက် ရေတွင်းလှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။ မြန်မာပြည်သည် ဆွေမျိုးပမာ အိမ်နီးချင်းကောင်းဖြစ်၍ မြန်မာပြည်သူတို့အတွက် တတ်နိုင်သလောက် ကူညီပေးချင်ပါကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။

“ဗုဒ္ဓဘာသာမှာ နယ်စည်းမခြားကြောင်း၊ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကို ထွန်းကားပြန့်ပွားစေသည့် ဘာသာဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ ရင်းရင်းနှီးနှီး အတူရှိကာ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ချစ်ကြည်ရေးအား အစဉ်ထာဝရတည်တံ့ခိုင်မြဲသွားစေဖို့ ဆုတောင်းပါကြောင်း”ဆရာတော်ချန်ကျန့်က မိန့်ကြားခဲ့ပါသည်။

分享到: