《胞波心语——中缅建交75周年故事集》特别专栏丨【优秀奖】跨越边境的语言纽带:中缅婚姻家庭的文化融合之路
优秀奖
跨越边境的语言纽带:中缅婚姻家庭的文化融合之路
云南民族大学学生刘蕊
云南德宏州的陇川县,中缅边境线上的一座小城,每天清晨的集市总能看到这样的场景:缅甸妇女用生硬的汉语与菜贩讨价还价,中国丈夫在一旁用缅语解释“八角”和“草果”的区别。这里是中缅跨境婚姻最集中的区域之一,超过20万对跨国家庭在此扎根。他们的生活交织着语言碰撞、文化冲突与融合,而这一切,在玛丹一家的故事中得到了最真实的映照。
2015年,缅甸姑娘玛丹嫁到陇川时,只带着一口破旧的藤箱和几句零星的汉语。她的丈夫赵刚是当地农民,缅语仅限于“你好”和“再见”。新婚之夜,两人因沟通不畅大眼瞪小眼,最后竟靠手机翻译软件完成了第一次对话。这种窘迫持续了整整半年——玛丹曾误将“盐”听成“烟”,炒菜时错放半包香烟;赵刚则因分不清缅语中的“热水”和“开水”,险些烫伤丈母娘。婆婆为此没少埋怨:“连句话都说不好,这日子怎么过?”
转机出现在2016年。当地政府推出“跨境婚姻双语培训计划”,赵刚报名了缅语夜校,玛丹则走进汉语课堂。每晚,两人盘腿坐在竹席上互相教学:赵刚用缅语标注汉语词汇,玛丹把缅甸谚语逐字翻译成中文。三年后,玛丹通过了汉语水平考试(HSK)三级,赵刚能熟练用缅语谈生意。他们的“家庭语言交换”模式被县妇联拍成纪录片,在边境村寨循环播放。陇川县妇联主任李芳感慨:“这些家庭不是被动适应,而是在创造新的沟通方式。”
2018年,女儿小雅的诞生让这个家庭的文化融合进入新阶段。玛丹坚持用缅语哄女儿入睡,哼唱着缅语的摇篮曲;赵刚则用中文讲述《西游记》,教她写“中缅友谊”四个字。四岁的小雅成了幼儿园的“小翻译官”,能流利切换双语帮助同学传话。但喜悦背后藏着隐忧:因玛丹未获中国居留证,小雅一度面临“黑户”困境。直到2019年《云南省跨境婚姻管理暂行办法》实施,这个家庭才在社区协助下完成落户。“政策晚到一步,孩子就耽误一年。”赵刚翻着泛黄的申请材料,感慨道。
语言障碍的突破像投石入水,涟漪逐渐扩散至整个社区。2020年,玛丹一家联合十余个跨境家庭成立“中缅胞波互助会”。每周六的村活动室里,缅甸媳妇教中国婆婆腌茶叶沙拉,中国丈夫示范微信收付款。最受欢迎的是“语言角”——墙上贴满中缅对照的日常用语,角落里堆着双语版《婚姻法》手册。数据显示,参与互助会的家庭离婚率降低35%,子女学业优良率提升20%。这些变化引起地方政府关注,德宏州在2021年出台《跨境婚姻服务指南》,将“语言培训补贴”和“子女入学绿色通道”写入条款。
经济层面,双语能力成为融合催化剂。赵刚创办的农产品公司专营中缅边境贸易,会议文件同步使用两国文字,春节与缅甸泼水节都列为带薪假期。车间里,中国组长用缅语叮嘱操作规范,缅甸员工用中文登记出货单。2022年公司营业额突破500万元人民币时,赵刚在年终致辞中说:“我们卖的不仅是货物,更是两国文化的通行证。”这句话被印成缅汉双语横幅,挂在滇缅公路沿线的二十个货栈。
然而,融合之路从非坦途。当小雅因缅甸血统被同学叫作“小缅婆”时,玛丹选择带着自制椰浆饭走进教室,用美食打破偏见;当赵刚父亲坚持要孙女行跪拜礼,玛丹耐心解释缅甸“合十礼”的敬意。这些点滴积累,让这个曾经被视作“特殊”的家庭,逐渐成为村口的文化地标。2023年德宏州中缅文化节上,小雅身着两国传统服饰朗诵诗歌,台下坐着三百多个跨境家庭成员。一位缅甸商人红着眼眶说:“十年前我来中国时要靠翻译,现在连我六岁的孙子都会说‘一带一路’。”
夜幕降临时,陇川边境的灯火连成星河。玛丹常站在自家小楼顶眺望缅甸方向,手机里存着母亲发来的缅语语音。赵刚的货车队正穿越国境线,车灯照亮货箱上那行醒目的缅文——请一起合作吧。这些光点交织成网,将中缅边境的村庄、政策文件上的铅字、课堂里的双语童谣紧紧串联。当语言从隔阂化为桥梁,文化差异便不再是生活的沟壑,而是孕育新生的土壤。
ထူးချွန်ဆု
နယ်စပ်ဖြတ်ကျော်ဘာသာစကားနှောင်ကြိုးများ
တရုတ်-မြန်မာအိမ်ထောင်ရေးမိသားစုများ၏ယဉ်ကျေးမှုပေါင်းစည်းခြင်း
Liu Rui
ကျောင်းသူ၊ယူနန်ပြည်နယ်တိုင်းရင်းသားတက္ကသိုလ်(Yunnan Minzu University)
တရုတ်နိုင်ငံယူနန်ပြည်နယ်တယ်ဟုန်ပြည်နယ်ခွဲရှိလုံချွမ်ခရိုင်သည်တရုတ်-မြန်မာနယ်စပ်ပေါ်တွင်တည်ရှိသောမြို့ငယ်လေးတစ်မြို့ဖြစ်ပါသည်။နံနက်ခင်းတိုင်းစျေးထဲ၌အမြဲတမ်းတွေ့ရလေ့ရှိသောမြင်ကွင်းမှာမြန်မာအမျိုးသမီးများသည်မတောက်တခေါက်တရုတ်စကားဖြင့်ဟင်းသီးဟင်းရွက်သည်များအားဈေးဆစ်နေကြပြီး၎င်းတို့၏နံဘေးတွင်တရုတ်ခင်ပွန်းများက“နာနတ်ပွင့်”နှင့်“ရှောက်ကော”တို့၏ကွာခြားချက်ကိုမြန်မာစကားဖြင့်ရှင်းပြပေးနေကြခြင်းပင်ဖြစ်သည်။ဤနေရာသည်တရုတ်နှင့်မြန်မာနယ်စပ်ဖြတ်ကျော်လက်ထပ်ထိမ်းမြားမှုအရေအတွက်အများဆုံးဖြစ်သည့်ဒေသများထဲမှတစ်ခုဖြစ်ပြီးနိုင်ငံဖြတ်ကျော်မိသားစုပေါင်း(၂)သိန်းကျော်အခြေချနေထိုင်လျက်ရှိကြပါသည်။၎င်းတို့၏ဘဝများသည်ဘာသာစကားနားလည်မှုအခက်အခဲ၊ယဉ်ကျေးမှုကွာခြားခြင်းနှင့်ပေါင်းစပ်မှုများဖြင့်ရောယှက်နေပြီးဤအရာအားလုံးသည်မသန်းတို့မိသားစု၏ဇာတ်လမ်းထဲတွင်လက်တွေ့ကျကျထင်ဟပ်နေပါသည်။
၂၀၁၅ခုနှစ်တွင်မြန်မာမိန်းကလေးမသန်းသည်လုံချွမ်မှာအိမ်ထောင်ကျသောအခါကြိမ်သေတ္တာအဟောင်းလေးတစ်လုံးကိုယူဆောင်လာခဲ့ပြီးတရုတ်စကားအနည်းငယ်ကိုသာပြောတတ်ခဲ့ပါသည်။သူမ၏ခင်ပွန်းZhao Gangသည်ဒေသခံလယ်သမားတစ်ဦးဖြစ်ပြီးသူသည်မြန်မာစကားကို“မင်္ဂလာပါ”နှင့်“ပြန်တွေ့ကြမယ်”ဟူသောနှုတ်ဆက်စကားသာပြောတတ်ပါသည်။မင်္ဂလာဦးညတွင်သူတို့နှစ်ဦးသည်ဘာသာစကားအခက်အခဲကြောင့်ကောင်းမွန်စွာဆက်သွယ်ပြောဆိုနိုင်ခြင်းမရှိဘဲတစ်ယောက်ကိုတစ်ယောက်ကြောင်တောင်တောင်ငေးကြည့်နေခဲ့ကြပြီးနောက်ဆုံးတွင်တော့၎င်းတို့သည်မိုဘိုင်းလ်ဖုန်းဘာသာပြန်ဆော့ဖ်ဝဲအကူအညီဖြင့်ပထမဆုံးအကြိမ်စကားပြောဆိုနိုင်ခဲ့ပါသည်။ဤအခက်အခဲသည်နှစ်ဝက်လောက်အချိန်ကြာမြင့်ခဲ့ပါသည်။တစ်ခါကမသန်းသည်ဟင်းချက်ချိန်တွင်“ဆား”နှင့်“ဆေးလိပ်”ကိုလွဲမှားပြီးဆေးလိပ်ဘူးတစ်ဝက်ကိုဟင်းအိုးထဲသို့မှားယွင်းထည့်မိခဲ့ပါသည်။Zhao Gangကလည်းမြန်မာလို“ရေနွေး”နှင့်“ရေဆူ”ကိုမခွဲခြားတတ်သောကြောင့်ယောက္ခမဖြစ်သူကိုအပူလောင်လုနီးပါးဖြစ်စေခဲ့သည်။ထိုအတွက်Zhao Gang၏အမေကလည်း“စကားတောင်ကောင်းကောင်းမပြောနိုင်ရင်ဘဝကိုဘယ်လိုဖြတ်သန်းကြမလဲ”ဟုမကြာခဏပြောခဲ့ပါသည်။
အပြောင်းအလဲတစ်ခု၂၀၁၆ခုနှစ်တွင်ဖြစ်ပေါ်လာခဲ့ပါသည်။ဒေသဆိုင်ရာအစိုးရသည်“နယ်စပ်ဖြတ်ကျော်အိမ်ထောင်ရေးများအတွက်ဘာသာစကားနှစ်မျိုးသင်တန်း”အစီအစဉ်ကိုစတင်ခဲ့သည်။Zhao Gangသည်မြန်မာဘာသာစကားညကျောင်းကိုစာရင်းသွင်းခဲ့ပြီးမသန်းသည်တရုတ်ဘာသာစကားသင်တန်းသို့တက်ရောက်ခဲ့သည်။၎င်းတို့နှစ်ဦးသည်ညတိုင်းဝါးဖျာပေါ်တွင်ထိုင်ပြီးအချင်းချင်းပြန်သင်ပေးကြသည်။Zhao Gangကတရုတ်စာဝေါဟာရများကိုမြန်မာလိုမှတ်သားထားပြီးမသန်းသည်မြန်မာစကားပုံများကိုတရုတ်စကားလုံးဖြင့်ဘာသာပြန်ဆိုသည်။သုံးနှစ်ကြာပြီးနောက်မသန်းသည်တရုတ်ဘာသာအရည်အချင်းစစ်စာမေးပွဲHSKအဆင့်(၃)အောင်မြင်ခဲ့ပြီးZhao Gangသည်မြန်မာဘာသာဖြင့်စီးပွားရေးကိုကျွမ်းကျင်စွာဆောင်ရွက်နိုင်ခဲ့သည်။၎င်းတို့၏“မိသားစုဘာသာစကားဖလှယ်ခြင်း”ပုံစံကိုခရိုင်အမျိုးသမီးအဖွဲ့ချုပ်မှမှတ်တမ်းရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပြီးနယ်စပ်ကျေးရွာများတွင်ပြသခဲ့သည်။လုံချွမ်ခရိုင်၏အမျိုးသမီးများအဖွဲ့ချုပ်ဒါရိုက်တာLi Fangက“ဒီမိသားစုတွေဟာလိုက်လျောညီထွေဖြစ်အောင်နေရုံတင်မကဘဲဆက်သွယ်ဖို့နည်းလမ်းအသစ်တွေကိုပါဖန်တီးနေတာဖြစ်ပါတယ်”လို့အံ့အားသင့်စွာပြောကြားခဲ့ပါတယ်။
၂၀၁၈ခုနှစ်တွင်သမီးလေးXiao Yaမွေးဖွားလာမှုသည်မိသားစု၏ယဉ်ကျေးမှုပေါင်းစည်းမှုကိုအဆင့်သစ်တစ်ခုသို့ပို့ဆောင်ပေးခဲ့ပါသည်။မသန်းကသူ့သမီးကိုချော့သိပ်ဖို့မြန်မာလို“ကျေးဇူးတင်ပါတယ်”ဆိုသည့်သားချော့တေးကိုသီဆိုပေးလေ့ရှိပြီးZhao Gangကတော့“Journey to the West”ပုံပြင်ကိုတရုတ်လိုပြောပြလေ့ရှိကာ“တရုတ်-မြန်မာချစ်ကြည်ရေး”ဟုအဓိပ္ပာယ်ရသည့်တရုတ်စာလုံး၄လုံးကိုရေးတတ်အောင်သင်ပေးခဲ့ပါသည်။လေးနှစ်အရွယ်Xiao Yaသည်မူကြို၏“ဘာသာပြန်လေး”ဖြစ်လာပြီးဘာသာစကားနှစ်ခုကိုကျွမ်းကျင်စွာပြန်ဆိုကာသူမ၏အတန်းဖော်များအားပြောဆိုဆက်ဆံရာမှာကူညီပေးခဲ့ပါသည်။သို့သော်ပျော်ရွှင်မှု၏နောက်ကွယ်တွင်စိုးရိမ်ပူပန်မှုတစ်ခုရှိနေပါသည်။မသန်းသည်တရုတ်နေထိုင်ခွင့်မရရှိသေးသောကြောင့်Xiao Yaသည်တစ်ချိန်က“တရားမဝင်နေထိုင်သူ”ဖြစ်ခြင်း၏အကျပ်အတည်းကိုရင်ဆိုင်ခဲ့ရသည်။၂၀၁၉ခုနှစ်မှာ“ယူနန်ပြည်နယ်နယ်စပ်ဖြတ်ကျော်အိမ်ထောင်ရေးများစီမံခန့်ခွဲမှုကြားဖြတ်အစီအမံများ”ကိုအကောင်အထည်ဖော်ပြီးမှသာ၎င်းတို့မိသားစုဟာရပ်ရွာလူထု၏အကူအညီဖြင့်နေထိုင်ခွင့်မှတ်ပုံတင်တာကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါသည်။“မူဝါဒကိုနောက်ကျပြီးအကောင်အထည်ဖော်လေကလေးအတွက်ပညာရေးတစ်နှစ်လောက်နှောင့်နှေးလေပဲ”ဟုZhao Gangကဝါရော်ဟောင်းနွမ်းနေသောလျှောက်လွှာစာရွက်များကိုလှန်လှောကြည့်ရင်းတစ်ချိန်ကစိုးရိမ်မှုတွေကိုမှတ်မိနေဆဲဖြစ်သည်။
ဘာသာစကားအခက်အခဲကိုဖြတ်ကျော်ခြင်းသည်ရေထဲသို့ကျောက်ခဲပစ်ချလိုက်သည်နှင့်ဆင်တူပြီးရေလှိုင်းများကဲ့သို့လူ့အဖွဲ့အစည်းအနှံ့တဖြည်းဖြည်းပျံ့နှံ့သွားပါသည်။၂၀၂၀ပြည့်နှစ်တွင်မသန်းတို့မိသားစုသည်“တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်အပြန်အလှန်ကူညီရေးအသင်း”ကိုတည်ထောင်ရန်နယ်စပ်ဖြတ်ကျော်မိသားစုတစ်ဒါဇင်ကျော်နှင့်ပူးပေါင်းခဲ့ပါသည်။စနေနေ့တိုင်းကျေးရွာလှုပ်ရှားမှုခန်းမတွင်မြန်မာအမျိုးသမီးများကတရုတ်ယောက္ခမများကိုလက်ဖက်သုပ်နည်းသင်ကြားပေးပြီးတရုတ်ခင်ပွန်းသည်များကWeChatမှတစ်ဆင့်ငွေလက်ခံပုံနှင့်ငွေပေးချေပုံကိုသင်ပေးကြပါသည်။လူကြိုက်အများဆုံးကတော့နံရံများပေါ်မှာတရုတ်နှင့်မြန်မာဘာသာဖြင့်နေ့စဉ်အသုံးအနှုန်းများရေးသားထားသော“ဘာသာစကားဧရိယာ”ဖြစ်သည်။နံရံထောင့်မှာလည်းဘာသာစကားနှစ်မျိုးလုံးဖြင့်“လက်ထပ်ထိမ်းမြားခြင်းဥပဒေ”လက်စွဲစာအုပ်များရှိပါသည်။အချက်အလက်များအရအပြန်အလှန်ကူညီရေးအသင်းများတွင်ပါဝင်သည့်မိသားစုများ၏ကွာရှင်းမှုနှုန်းသည်၃၅%လျော့ကျသွားပြီး၎င်းတို့ကလေးများ၏ပညာရေးထူးချွန်မှုနှုန်းသည်၂၀%တိုးလာကြောင်းသိရပါသည်။ဤပြောင်းလဲမှုများကြောင့်ဒေသဆိုင်ရာအစိုးရ၏အာရုံစိုက်မှုကိုရရှိခဲ့ပြီး၂၀၂၁ခုနှစ်တွင်တယ်ဟုန်ပြည်နယ်ခွဲက“နယ်စပ်ဖြတ်ကျော်အိမ်ထောင်ရေးဝန်ဆောင်မှုလမ်းညွှန်ချက်များ”ကိုထုတ်ပြန်ခဲ့ပြီး“ဘာသာစကားသင်ကြားရေးပံ့ပိုးမှုများ”နှင့်“ကလေးငယ်များကျောင်းဝင်ခွင့်အတွက်အစိမ်းရောင်ချန်နယ်”များကိုလည်းအဆိုပါလမ်းညွှန်ချက်များတွင်ထည့်သွင်းဖော်ပြထားပါသည်။
စီးပွားရေးအရကြည့်မည်ဆိုလျှင်ဘာသာစကားနှစ်မျိုးကျွမ်းကျင်မှုသည်ပေါင်းစည်းမှုအတွက်အထောက်အကူဖြစ်စေပါသည်။Zhao Gangတည်ထောင်ထားသောစိုက်ပျိုးရေးထွက်ကုန်ကုမ္ပဏီသည်တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကိုအဓိကလုပ်ကိုင်ပါသည်။အစည်းအဝေးစာရွက်စာတမ်းများတွင်တရုတ်နှင့်မြန်မာဘာသာနှစ်မျိုးစလုံးကိုအသုံးပြုကြပြီးတရုတ်နှစ်သစ်ကူးပွဲတော်နှင့်မြန်မာသင်္ကြန်ပွဲတော်ကိုအားလပ်ရက်များအဖြစ်သတ်မှတ်ထားပါသည်။အလုပ်ရုံမှာလည်းတရုတ်အဖွဲ့ခေါင်းဆောင်မှဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုမြန်မာဘာသာဖြင့်လမ်းညွှန်ခဲ့ပြီးမြန်မာဝန်ထမ်းများမှကုန်ပစ္စည်းပေးပို့မှုအမှာစာများကိုတရုတ်ဘာသာဖြင့်စာရင်းသွင်းကြပါသည်။ကုမ္ပဏီ၏လည်ပတ်ငွေပမာဏသည်၂၀၂၂ခုနှစ်တွင်ယွမ်ငွေ(၅)သန်းကျော်သို့ရောက်ရှိသည့်အချိန်၌Zhao Gangက၎င်း၏နှစ်ကုန်မိန့်ခွန်းပြောကြားရာတွင်“ကျွန်တော်တို့ရောင်းချနေသောအရာသည်ကုန်ပစ္စည်းများသာမကဘဲနှစ်နိုင်ငံယဉ်ကျေးမှုအတွက်နိုင်ငံကူးလက်မှတ်တစ်ခုလည်းဖြစ်ပါတယ်”ဟုပြောကြားခဲ့ပါသည်။ဤစကားကိုမြန်မာနှင့်တရုတ်ဘာသာနှစ်ဘာသာဖြင့်ရိုက်နှိပ်ကာယူနန်-မြန်မာလမ်းမကြီးပေါ်ရှိဂိုဒေါင်အလုံး၂၀တွင်ချိတ်ဆွဲထားပါသည်။
သို့သော်ယဉ်ကျေးမှုပေါင်းစည်းရေးခရီးလမ်းသည်အမြဲတစေတော့မချောမွေ့ပါ။Xiao Yaသည်သွေးနှောဖြစ်သောကြောင့်အတန်းဖော်များကသူမကို“မြန်မာမလေး”ဟုခေါ်ခံရသောအခါမသန်းသည်ကိုယ်တိုင်ချက်ထားသောအုန်းထမင်းကိုစာသင်ခန်းထဲသို့ယူဆောင်လာပြီးအစားအစာဖြင့်မကောင်းသည့်အမြင်များကိုချေဖျက်ခဲ့ပါသည်။Zhao Gang၏ဖခင်ကသူ့မြေးမလေးအားဒူးထောက်ကန်တော့ခိုင်းသောအခါမသန်းသည်မြန်မာလူမျိုးများ၏လေးစားမှုပြသသော“လက်အုပ်ချီခြင်း”ဆိုသည့်ဓလေ့ထုံးစံ၏အဓိပ္ပာယ်ကိုစိတ်ရှည်ရှည်နှင့်ရှင်းပြပေးခဲ့ပါသည်။ဤအသေးအမွှားအရာများကြောင့်တစ်ချိန်က“ထူးခြားမှု”ဟုသတ်မှတ်ခံခဲ့ရသောဤမိသားစုသည်ရွာ၏ယဉ်ကျေးမှုအမှတ်အသားတစ်ခုဖြစ်လာခဲ့ပါသည်။၂၀၂၃ခုနှစ်တယ်ဟုန်ပြည်နယ်ခွဲတရုတ်-မြန်မာယဉ်ကျေးမှုပွဲတော်တွင်Xiao Yaသည်နှစ်နိုင်ငံရိုးရာဝတ်စုံများဖြင့်ကဗျာရွတ်ဆိုခဲ့ပြီးလာရောက်ကြည့်ရှုခဲ့သောပရိသတ်များထဲတွင်နယ်စပ်ဖြတ်ကျော်မိသားစုဝင်၃၀၀ကျော်ပါဝင်ခဲ့ပါသည်။မြန်မာကုန်သည်တစ်ဦးက“လွန်ခဲ့တဲ့ဆယ်နှစ်ကကျွန်တော်တရုတ်ပြည်ကိုရောက်လာတုန်းကဘာသာပြန်ကိုအားကိုးခဲ့ရတယ်။အခုကျွန်တော့ရဲ့ခြောက်နှစ်သားမြေးလေးတောင်မှ‘Belt and Road Initiative’ကိုပြောတတ်နေပါပြီ”ပြောပါသည်။
ညမိုးချုပ်သောအခါလုံချွမ်၏နယ်စပ်ဒေသမီးအလင်းရောင်များသည်ကြယ်ရောင်လင်းလက်သောမြစ်တစ်စင်းကဲ့သို့ဖြစ်နေပါသည်။မသန်းသည်အိမ်ခေါင်မိုးထပ်တွင်မကြာခဏရပ်ကာမြန်မာဘက်သို့လှမ်းကြည့်နေတတ်ပြီးမိုဘိုင်းလ်ဖုန်းထဲတွင်လည်းသူမမိခင်၏မြန်မာစကားအသံမက်ဆေ့ခ်ျများကိုသိမ်းဆည်းထားပါသည်။Zhao Gang၏ကုန်ကားအဖွဲ့သည်နယ်စပ်ကိုဖြတ်ကျော်နေစဉ်လင်းထိန်နေသောကုန်ကားကြီး၏ရှေ့မီးကြောင့်ကုန်သေတ္တာပေါ်တွင်ထင်ရှားစွာရေးထားသည့်“ကျေးဇူးပြု၍အတူတကွအလုပ်လုပ်ပါ”ဟူသောမြန်မာစာသားကိုထင်ပေါ်စေပါသည်။ဤအလင်းစက်များပေါင်းစပ်ကာကွန်ရက်တစ်ခုအနေဖြင့်တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိကျေးရွာများ၊မူဝါဒစာရွက်စာတမ်းများပေါ်တွင်ရိုက်နှိပ်ထားသောစာလုံးများ၊စာသင်ခန်းများထဲမှနှစ်ဘာသာကလေးသီချင်းများကိုမြဲမြံစွာချိတ်ဆက်ပေးလျက်ရှိပါသည်။ဘာသာစကားသည်အတားအဆီးတစ်ခုအဖြစ်မှတံတားတစ်စင်းအဖြစ်သို့ပြောင်းလဲလာသောအခါယဉ်ကျေးမှုကွဲပြားခြားနားခြင်းများသည်ဘဝ၏ချိုင့်ခွက်များမဟုတ်တော့ဘဲ၎င်းတို့နေရာတွင်မြေဆီလွှာအသစ်များကိုပြုစုပျိုးထောင်ပေးနေခြင်းသာဖြစ်ပါတော့သည်။