> 首页 > 要闻

云游中国,五天赢文创 | Day2:这5个中国景点,你能猜出几个?

今年的5月19日,是第16个中国旅游日。400多年前,徐霞客在这一天迈出了他游历中国的第一步。今天,我们邀你一起“云游”中国。

从今天起至5月23日,连续5天,我们将带你走进25个中国旅游目的地。有经典,有秘境,有与缅甸一衣带水的风景,也有与缅甸佛缘深厚的远方。每天5张景点局部图,考考你的“中国眼”;或者用一句话证明你去过中国,分享你的旅行故事。

每天两份文创礼包:一份送给最快猜对全部景点的你,一份送给留言点赞最高的你。来试试,你能猜出几个?或者,和大家讲讲你的中国旅行故事。

ဒီနှစ်မေလ၁၉ရက်နေ့သည်(၁၆)ကြိမ်မြောက်တရုတ်ခရီးသွားနေ့ဖြစ်ပါသည်။လွန်ခဲ့သောနှစ်ပေါင်း၄၀၀ကျော်ကထိုနေ့(မေလ၁၉ရက်နေ့)တွင်ရွှီရှားခေါ့သည်တရုတ်နိုင်ငံတွင်လှည့်လည်ခရီးထွက်ရန်၎င်း၏ပထမဆုံးခြေလှမ်းကိုစတင်ခဲ့သည်။ယနေ့တွင်"Visiting China Online"အစီအစဉ်တွင်အတူပါဝင်ရန်သင့်အားဖိတ်ခေါ်အပ်ပါသည်။

ယနေ့မှမေလ၂၃ရက်အထိငါးရက်ဆက်တိုက်တရုတ်နိုင်ငံ၏ခရီးသွားနေရာ(၂၅)ခုသို့သင့်အားခေါ်ဆောင်သွားပါမည်။ဂန္ထဝင်နေရာများ၊လူသိနည်းသောလျှို့ဝှက်ဆန်းကြယ်နေရာများ၊မြန်မာနိုင်ငံနှင့်ရေမြေတစ်ဆက်တည်းဖြစ်သောရှုခင်းနေရာများ၊မြန်မာနိုင်ငံဗုဒ္ဓဘာသာနှင့်ရင်းနှီးမှုရှိသောဝေးလံသည့်ဒေသများပါဝင်သည်။နေ့စဉ်ခရီးသွားနေရာ၏အပိုင်းအစပုံများ(၅)ပုံကိုပြသပေးမည်ဖြစ်ပြီးသင်၏"တရုတ်နိုင်ငံဆိုင်ရာအမြင်စွမ်းရည်"ကိုစမ်းသပ်သွားမည်ဖြစ်သည်။သို့မဟုတ်သင်တရုတ်နိုင်ငံသို့ရောက်ခဲ့ဖူးကြောင်းကိုစာကြောင်းတစ်ကြောင်းဖြင့်ပြောပြပြီးသင်၏ခရီးသွားအတွေ့အကြုံကိုမျှဝေနိုင်ပါသည်။

နေ့စဉ်ယဉ်ကျေးမှုဆိုင်ရာလက်ဆောင်ပစ္စည်းနှစ်မျိုးကိုပေးအပ်သွားမည်ဖြစ်သည်။တစ်မျိုးမှာခရီးသွားနေရာအားလုံးကိုအမြန်ဆုံးနှင့်အမှန်ကန်ဆုံးဖြေဆိုသူနိုင်သူအတွက်ဖြစ်ပြီးနောက်တစ်မျိုးမှာမှတ်ချက်(Comment)တွင်Like/Reactအများဆုံးရရှိသူအတွက်ဖြစ်ပါသည်။ခရီးသွားနေရာဘယ်နှစ်ခုလောက်ခန့်မှန်းနိုင်မလဲဆိုတာသင်စမ်းကြည့်လိုက်ပါ။ဒါမှမဟုတ်သင်၏တရုတ်နိုင်ငံခရီးသွားဇာတ်လမ်းများကိုလူတိုင်းကိုပြောပြလိုက်ပါ။

📚上期“猜猜这是哪?”答案揭晓

ယမန်နေ့ကမေးခွန်း-“ဒါဘယ်နေရာလဲ။ခန့်မှန်းကြည့်ပါ။”အတွက်အဖြေများကြေညာခြင်း

1.长城

中国古代最宏伟的防御工程,蜿蜒2万多公里,跨越15个省区市。站在长城上,能感受到“不到长城非好汉”的豪迈。它是中国在世界上最具标志性的符号之一。

၁။မဟာတံတိုင်းကြီး(Great Wall)

တရုတ်ရှေးဟောင်းသမိုင်းတွင်အခိုင်ခံ့ဆုံးနှင့်အခမ်းနားဆုံးသောခံစစ်ဆိုင်ရာအင်ဂျင်နီယာအတတ်ပညာတစ်ခုဖြစ်သည့်မဟာတံတိုင်းကြီးသည်ကီလိုမီတာ၂သောင်းကျော်အကွေ့အကောက်များစွာဖြင့်ရှည်လျားစွာတည်ရှိနေပြီးပြည်နယ်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်မြို့ပေါင်း၁၅ခုကိုဖြတ်သန်းတည်ရှိနေပါသည်။မဟာတံတိုင်းကြီးပေါ်တွင်ရပ်လိုက်သည့်အခါ"မဟာတံတိုင်းကြီးဆီသို့မရောက်ဖူးသူသည်သူရဲကောင်းကောင်းတစ်ယောက်မပီသပေ။"ဟူသောရဲရင့်ပြတ်သားသည့်စိတ်ဓာတ်ခွန်အားကိုခံစားနိုင်ပါသည်။၎င်းသည်ကမ္ဘာပေါ်တွင်တရုတ်နိုင်ငံကိုအထင်ရှားဆုံးကိုယ်စားပြုသည့်အမှတ်လက္ခဏာသင်္ကေတများထဲမှတစ်ခုလည်းဖြစ်ပါသည်။

2.兵马俑

位于中国陕西西安,是秦始皇陵的陪葬坑,被誉为“世界第八大奇迹”。数千个真人大小的陶俑,每个面孔各不相同,气势恢宏,令人震撼。

၂။မြေရုပ်တုစစ်သည်ပြတိုက်(Terracotta Army)

တရုတ်နိုင်ငံရှန်းရှီးပြည်နယ်ရှီးအန်းမြို့တွင်တည်ရှိပြီးချင်ရှီဟွမ်ဘုရင်၏ဂူဗိမာန်ရှိမြှုပ်နှံထားသောခံတွင်းများဖြစ်ကာ"ကမ္ဘာ့အံ့ဖွယ်ရှစ်ခုမြောက်"အဖြစ်တင်စားခေါ်ဝေါ်ခြင်းခံရသည်။လူတစ်ယောက်အရပ်အချိုးအစားအတိုင်းရှိသောမြေထည်စစ်သည်ရုပ်တုထောင်ပေါင်းများစွာရှိပြီးတစ်ရုပ်ချင်းစီ၏မျက်နှာသွင်ပြင်များမှာတစ်ခုနှင့်တစ်ခုမတူညီဘဲထူးခြားသည့်အပြင်ခမ်းနားထည်ဝါမှုအပြည့်ဖြင့်ရင်သပ်ရှုမောဖွယ်ရာကောင်းလှသည်။

3.杭州西湖

中国最著名的湖泊之一,三面环山,一水抱城。断桥、雷峰塔、苏堤……每一处都有故事。白娘子与许仙断桥相遇、借伞定情,又在雷峰塔下历经生离死别的故事可谓家喻户晓。

၃။ဟန်ကျိုးရှီးဟူရေကန်(West Lake)

တရုတ်နိုင်ငံ၏အကျော်ကြားဆုံးသောရေကန်များထဲမှတစ်ခုဖြစ်ပြီးကန်သုံးဖက်လုံးတွင်တောင်များဝန်းရံကာရေကန်ကမြို့ကိုပတ်ထားသည်။Broken Bridge၊Leifeng Tower၊Su Causewayစသည့်နေရာတိုင်းတွင်ပုံပြင်များရှိသည်။အဖြူရောင်မြွေမင်းသမီးနှင့်ရွှီရှန်းတို့Broken Bridgeပေါ်တွင်ဆုံတွေ့ပြီးထီးငှားရမ်းပေးရာမှချစ်ကြိုးချည်နှောင်ခဲ့ကြပြီးLeifeng Towerအောက်၌နှုတ်ဆက်ခွဲခွာရသည့်ပုံပြင်ကိုလူသိများကြလေသည်။

4.芒市勐焕大金塔

位于中国云南德宏芒市,是中国南传佛教第一塔。金塔造型与缅甸不少佛塔颇为相似,塔身金光灿灿,是缅甸游客到云南最感亲切的地方之一。

၄။မန်စီမြို့ရှိ(Menghuan Golden Pagoda)

တရုတ်နိုင်ငံယူနန်ပြည်နယ်တယ်ဟုန်ခရိုင်မန်စီမြို့တွင်တည်ရှိပြီးတရုတ်နိုင်ငံ၏တောင်ပိုင်းထေရဝါဒဗုဒ္ဓဘာသာ၏ပထမဆုံးဘုရားဖြစ်သည်။ဘုရား၏ပုံသဏ္ဌာန်သည်မြန်မာနိုင်ငံရှိဘုရားအများအပြားနှင့်အလွန်ဆင်တူပြီးဘုရားကိုယ်ထည်မှာရွှေရောင်တဝင်းဝင်းတောက်ပကာမြန်မာခရီးသွားများယူနန်ပြည်နယ်သို့လာရောက်သည့်အခါအရင်းနှီးဆုံးသောနေရာများထဲမှတစ်ခုလည်းဖြစ်သည်။

5.茶卡盐湖

位于中国青海省,湖面上覆盖着一层洁白的盐壳。天气晴好时,湖面如镜,倒映着天空、云朵和远山,被称为“天空之镜”。走进其中,仿佛行走在云端。

၅။ချာခါဆားကန်(Chaka Salt Lake)

တရုတ်နိုင်ငံချင်းဟိုင်ပြည်နယ်တွင်တည်ရှိပြီးကန်မျက်နှာပြင်တွင်ဖြူဖွေးနေသောဆားလွှာတစ်ထပ်ဖြင့်ဖုံးအုပ်ထားသည်။ရာသီဥတုသာယာသောအခါကန်မျက်နှာပြင်သည်မှန်ကြီးတစ်ချပ်ကဲ့သို့ဖြစ်ကာမိုးကောင်းကင်၊တိမ်တိုက်များနှင့်အဝေးရှိတောင်တန်းများကိုပြန်လည်ထင်ဟပ်ပြသနေသောကြောင့်"မိုးကောင်းကင်၏ကြေးမုံ"ဟုအမည်တွင်သည်။ထိုနေရာထဲသို့လျှောက်လှမ်းသွားပါကတိမ်တိုက်များပေါ်၌လျှောက်သွားနေသကဲ့သို့ခံစားနေရပါသည်။

🎁今日奖品

•极速达人奖(1份):第一位全部猜对5个景点的读者(以留言时间为准,第一位全对即锁定)。

•胞波人气奖(1份):留言30-100字,内容不限,截至明日(5月21日)中午12:00,点赞数最高者获奖。

奖品为仰光中国文化中心提供的文创礼包

🎁ယနေ့ဆုများ

•အမြန်ဆုံးနှင့်အမှန်ကန်ဆုံးဖြေဆိုသူဆု(တစ်ဦး)-ခရီးသွားနေရာ(၅)ခုလုံးကိုပထမဆုံးမှန်ကန်စွာခန့်မှန်းနိုင်သောစာဖတ်သူတစ်ဦး(မှတ်ချက်(Comment)ပေးသည့်အချိန်ဖြင့်ပထမဆုံးအပြည့်အစုံမှန်ကန်သူကိုသတ်မှတ်ပါမည်။)

•ပေါက်ဖော်လူကြိုက်အများဆုံးဆု(တစ်ဦး)-စကားလုံးရေ၃၀မှ၁၀၀အတွင်းမှတ်ချက်(Comment)ရေးသားရန်၊အကြောင်းအရာကန့်သတ်ချက်မရှိပါ။မနက်ဖြန်(မေလ၂၁ရက်)နေ့လယ်၁၂:၀၀နာရီအထိLike/Reactအများဆုံးရရှိသူသည်ဆုရရှိမည်ဖြစ်သည်။

ဆုမှာရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှပေးအပ်သောယဉ်ကျေးမှုဆိုင်ရာလက်ဆောင်ပစ္စည်းဖြစ်ပါသည်။

📸猜猜这是哪?

【参与方式】您只需要在评论区一次性写出5个景点名字(景点所在地+景点名称),格式如:1北京故宫,2上海外滩,3长江三峡,4桂林山水,5杭州西湖。

每天第一位全部答对的读者,即可获得精美文创奖品一份。

📸ဒါဘယ်နေရာလဲ။ခန့်မှန်းကြည့်ပါ။

ပါဝင်နည်း-သင်သည်မှတ်ချက်(Comment)နေရာတွင်ခရီးသွားနေရာ(၅)ခု၏အမည်များကိုတစ်ကြိမ်တည်းဖြင့်အောက်ပါပုံစံအတိုင်းရေးသားရန်သာလိုအပ်ပါသည်။ဥပမာ-၁။ပေကျင်းရှေးဟောင်းနန်းတော်၊၂။ရှန်ဟိုင်းThe Bund၊၃။The Yangtze Three Gorges၊၄။ကွေ့လင်တောတောင်များ၊၅။ဟန်ကျိုးရှီးဟူရေကန်

နေ့စဉ်ပထမဆုံးအပြည့်အစုံမှန်ကန်စွာဖြေဆိုနိုင်သောစာဖတ်သူတစ်ဦးသည်ယဉ်ကျေးမှုဆိုင်ရာလက်ဆောင်ပစ္စည်းရရှိမည်ဖြစ်သည်။

想了解更多中国旅游小知识?关注【仰光中国文化中心】微信公众号,获取签证、支付、交通等实用信息。

တရုတ်နိုင်ငံခရီးသွားဆိုင်ရာဗဟုသုတအချက်အလက်များကိုပိုမိုသိရှိလိုပါက"ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ"၏WeChat Official AccountကိုFollowလုပ်ပြီးဗီဇာဆိုင်ရာကိစ္စများ၊ငွေပေးချေမှုများ၊သယ်ယူပို့ဆောင်ရေးစသည့်လက်တွေ့အသုံးဝင်သောအချက်အလက်များကိုဖတ်ရှုလိုက်ပါ။

联合主办:仰光中国文化中心、缅甸金凤凰报社

活动咨询:可通过微信公众号后台留言

ပူးတွဲစီစဉ်သူများ-ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ရွှေဇာမဏီဂျာနယ်

အစီအစဉ်ဆိုင်ရာအကြောင်းအရာများစုံစမ်းမေးမြန်းလိုပါကWeChat Official Accountတွင်မက်ဆေ့(Message)ချန်ပြီးဆက်သွယ်နိုင်ပါသည်။

分享到: