#全民K歌月光下的凤尾竹欢迎英雄航天员回家2022中缅抖音挑战赛等你来秀 #“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်းအားလုံးအတူသီဆိုကြပါစို့ ၂၀၂၂ခုနှစ်တရုတ်-မြန်မာ TikTokသီချင်းသီဆိုခြင်း ဖိတ်ခေါ်ပြိုင်ပွဲ ပါဝင်ရန် သင့်အား ကြိုဆိုလိုက်ပါသည်
2月16日“神州十三号”航天员叶光富在空间站吹奏了一曲《月光下的凤尾竹》,娓娓道出德宏之美。4月16日,3名航天员翟志刚、王亚平、叶光富将返回地球,让我们#全民K歌月光下的凤尾竹欢迎英雄回家。
ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင်“Shenzhou-13”အာကာသယာဉ်မှူး ရဲကွမ်ဖူသည် အာကာသစခန်းတွင် ဟူလူစ်ပြွေ တူရိယာဖြင့်“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်းကို တီးခတ်ခဲ့ပါသည်။ တယ်ဟုန်ပြည်နယ်ခွဲ၏ အလှတရားကို သပ်သပ်ရပ်ရပ် ဖော်ပြလိုက်ပါသည်။ ဧပြီလ၁၆ရက်နေ့တွင် ကျိုက်ကျီကန်၊ ဝမ်ရဖိန့်နှင့် ရဲကွမ်ဖူ စသည့် အာကာသယာဉ်မှူး သုံးဦးတို့သည် ကမ္ဘာမြေကို ပြန်လာတော့မည် ဖြစ်ပါသည်။#“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်းအားလုံး အတူသီဆိုပြီး အဆိုပါ အာကာသယာဉ်မှူးများ၏ အိမ်အပြန်ကို ကြိုဆိုကြပါစို့။
当《月光下的凤尾竹》优美旋律响起,你是否想起中缅一衣带水、山水相依的美丽德宏?音你而动,乐游德宏。
“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်း၏ နားဝင်ချိုသာယာသော တေးသံထွက်ပေါ်လာသည်နှင့်အမျှ တရုတ်-မြန်မာနယ်စပ်ဒေသတွင် တောတောင်ရေမြေ ထိစပ်လျက်ရှိသော ရှုဖွယ်စုံလင် တယ်ဟုန်တစ်ခွင်ကို တွေးကြည့်မိပါသလား။ တေးသီချင်းတွင် နစ်မျောရင်း တယ်ဟုန်ပြည်နယ်ခွဲ၏ ရှုခင်းအလှတရားကို ရှုစားလိုက်ပါ။
一、活动主题
၁။ကျင်းပသည့်ခေါင်းစဉ်
#全民K歌月光下的凤尾竹2022中缅抖音挑战赛。
#“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်းအားလုံး အတူသီဆိုကြပါစို့
၂၀၂၂ခုနှစ်တရုတ်-မြန်မာTikTokသီချင်းသီဆိုခြင်းဖိတ်ခေါ်ပြိုင်ပွဲ
二、活动时间
၂။ကျင်းပသည့်အချိန်
2022年4月10日—5月10日。
၂၀၂၂ခုနှစ်ဧပြီလ၁၀ရက်နေ့မှမေလ၁၀ရက်နေ့ထိ
三、组织机构
၃။ကျင်းပရေးကော်မတီ
主办单位:中共德宏州委宣传部、中共德宏州委网信办;
ဦးစီးကျင်းပသည့်ကော်မတီ။ ။ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ ပြန်ကြားရေးဌာန၊ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ အင်တာနက်နှင့် သတင်းအချက်အလက်ရုံး
承办单位:德宏州文化和旅游局、德宏州外事办、瑞丽试验区驻缅商务代表处、德宏传媒集团、北京佳友在线网络科技有限公司;
စည်းရုံးရေးကော်မတီ။ ။ တယ်ဟုန်ပြည်နယ်ခွဲ ယဉ်ကျေးမှုနှင့် ခရီးသွားညွှန်ကြားရေးဌာန၊ တယ်ဟုန်ပြည်နယ်ခွဲ နိုင်ငံခြားရေးဌာန၊ ရွှေလီ ရှေ့ပြေး စမ်းသပ်ဇုန် မြန်မာနိုင်ငံအခြေစိုက် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး၊ တယ်ဟုန်ပြည်နယ်ခွဲ မီဒီယာအဖွဲ့၊ ပေကျင်းကျာယုတ် အွန်လိုင်းအင်တာနက် သိပ္ပံနှင့် နည်းပညာကုမ္ပဏီလီမိတက်
协办单位:云南日报全媒体中心、春城晚报、《湄公河》杂志社、缅文《吉祥》杂志、缅甸《金凤凰》中文报、《胞波(缅文)》报、M time、德宏师专、德宏职业学院、芒市委宣传部、瑞丽市委宣传部、盈江县委宣传部、陇川县委宣传部、梁河县委宣传部、勐巴娜西乐团、朱刚音乐工作室。
ပူးတွဲကျင်းပသည့်ဌာန။ ။ ယူနန်နေ့စဉ် သတင်းစာအဖွဲ့ မီဒီယာစင်တာ၊“ကူမင်းညနေခင်း သတင်းစာ”၊“မင်္ဂလာ”မဂ္ဂဇင်း၊ မြန်မာနိုင်ငံ ရွှေဇာမဏီ တရုတ်ဘာသာ သတင်းစာ၊“ပေါက်ဖော်”မြန်မာဘာသာ သတင်းစာ၊ M time၊ တယ်ဟုန်ဆရာအတတ်သင် အဆင့်မြင့်ကောလိပ်၊ တယ်ဟုန်ပြည်နယ်ခွဲ အသက်မွေးဝမ်းကျောင်းကောလိပ်၊ မန်စီမြို့ ပါတီကော်မတီ ပြန်ကြားရေးဌာန၊ ရွှေလီမြို့ ပါတီကော်မတီ ပြန်ကြားရေးဌာန၊ ရင်ကျန်းခရိုင် ပါတီကော်မတီ ပြန်ကြားရေးဌာန၊ လုံချွမ်းခရိုင် ပါတီကော်မတီ ပြန်ကြားရေးဌာန၊ လျန်ဟော်ခရိုင် ပါတီကော်မတီ ပြန်ကြားရေးဌာန၊ မွန်ပါနရှီး တေးသံအဖွဲ့၊ ကျူကန် ဂီတစတူဒီယို
四、话题发起
၄။ခေါင်းစဉ်စတင်ခြင်း
以中共德宏州委宣传部官方抖音账号@美丽德宏发起#全民K歌月光下的凤尾竹话题,并发布挑战赛主题短视频。
တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ ပြန်ကြားရေးဌာန၏ Tik Tok အကောင့် @美丽德宏(@ရှုဖွယ်စုံလင်တယ်ဟုန်တစ်ခွင်)ဖြင့် #“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်းအားလုံး အတူသီဆိုကြပါစို့ ဟူသောခေါင်းစဉ်ဖြင့် အထူးရိုက်ကူးထားသော ပြိုင်ပွဲဝင်ဗီဒီယိုကို တင်ဆက်ထုတ်လွှင့်ရမည် ဖြစ်ပါသည်။
五、参与方式
၅။ပါဝင်ယှဉ်ပြိုင်ရန်နည်းလမ်း
1.全球抖音用户均可参与挑战赛。
က။ တစ်ကမ္ဘာလုံးရှိ Tik Tokအသုံးပြုသူများသည် အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ကြပါသည်။
2.发布视频时添加#全民K歌月光下的凤尾竹话题,@美丽德宏,选择添加位置。
ခ။ ဗီဒီယိုကို တင်ဆက်ထုတ်လွှင့်ရာတွင်#“လရောင်အောက်ဝယ် စည်းရိုးဝါး”သီချင်းအားလုံး အတူသီဆိုကြပါစို့ ဟူသောခေါင်းစဉ်ကို ထည့်သွင်းပြီး@美丽德宏(@ရှုဖွယ်စုံလင်တယ်ဟုန်တစ်ခွင်)ပြုလုပ်ကာ တည်နေရာထည့်ခြင်းကို ရွေးချယ်ရပါမည်။
3.视频拍摄主题:通过吹、拉、弹、唱、跳等方式演绎德宏本土音乐《月光下的凤尾竹》(可节选部分),可适当融入中缅两国风光、人文、生态、美食、民族、纪实等镜头。
ဂ။ ဗီဒီယိုရိုက်ကွင်းမှာ လေမှုတ်ခြင်း၊ တီးမှုတ်ခြင်း၊ သီဆိုခြင်း၊ ကခုန်ခြင်း အစရှိသည့် နည်းလမ်းများဖြင့် တယ်ဟုန်ပြည်နယ်ခွဲ ၏“လရောင်အောက်ဝယ်စည်းရိုးဝါး”ရိုးရာသီချင်း(၎င်းသီချင်း၏ အစိတ်အပိုင်းကို ကောက်နုတ် ရွေးချယ်နိုင်ပါသည်)ကို တင်ဆက်ခြင်း ဖြစ်ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ရှုခင်းအလှတရား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ သဘာဝပတ်ဝန်းကျင်နှင့် တိုင်းရင်းသားလူမျိုးနှင့် မှတ်တမ်းရုပ်ရှင် စသည့် မြင်ကွင်းများကို သင့်လျော်သလို ပေါင်းစပ်ရိုက်ကူးနိုင်ပါသည်။
六、奖项设置
၆။ဆုချီးမြှင့်ခြင်း
ယခုအကြိမ် Tik Tok ဖိတ်ခေါ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်သော အသုံးပြုသူများအနက် လိုက်ခ်များ၊ ပို့စ်ပြန်လည်မျှဝေခြင်း၊ မှတ်ချက်များနှင့် အဓိကခေါင်းစဉ်နှင့် ကိုက်ညီမှုများအလိုက် ဆုရဗီဒီယိုကို ရွေးချယ်မည်ဖြစ်ပါသည်။ ၎င်းတို့အနက် ပထမဆုတစ်ဆုအား ဆုကြေးငွေ ယွမ်၃၀၀၀၊ ဒုတိယဆု၁၀ဆု အကောင့်တစ်ခုစီလျှင် ဆုကြေးငွေ ယွမ်၁၀၀၀၊ တတိယဆု၂၀ဆု အကောင့်တစ်ခုစီလျှင် ဆုကြေးငွေ ယွမ်၆၀၀နှင့် နှစ်သိမ့်ဆု၁၀၀ဆု အကောင့်တစ်ခုစီလျှင် ဆုကြေးငွေ ယွမ်၂၀၀စီ အသီးသီး ချီးမြှင့်မည် ဖြစ်ပါသည်။
参与本次抖音挑战赛的用户,根据点赞、转发、评论数及主题契合度等综合选出获奖作品,其中一等奖1名,奖金3000元;二等奖10名,每个ID号奖金1000元;三等奖20名,每个ID号奖金600元;优秀奖100名,每个ID号奖金200元。
七、特邀嘉宾
၇။အထူးဖိတ်ကြားသောဧည့်သည်များ
国家一级演奏员李春华,云南旅游文化节形象大使白玛多吉,女高音歌唱家金叶喊娃,中国著名自然生态摄影师、“美丽德宏宣传大使”孙晓宏将作为特邀嘉宾参与本次挑战赛。
တရုတ်နိုင်ငံ အမျိုးသား ပထမအဆင့် တီးမှုတ်ခြင်း အနုပညာရှင် လီချွမ်ဟွာ၊ ယူနန်ပြည်နယ် ခရီးသွားယဉ်ကျေးမှုပွဲတော်၏ ရုပ်ပုံ သံတမန် ပိုင်မတော်ကျီ၊ အမျိုးသမီးအဆိုတော်ကျင်ရဲဟန်းဝါး၊ တရုတ်နိုင်ငံ နာမည်ကျော် သဘာဝပတ်ဝန်းကျင် ရိုက်ကူးရေး ဓာတ်ပုံဆရာ နှင့်“ရှုဖွယ်စုံလင် တယ်ဟုန်တစ်ခွင်”မိတ်ဆက်ခြင်း သံတမန်စွန်ရှောင်ဟုန် အစရှိသည့် ပုဂ္ဂိုလ်များသည် အထူးဖိတ်ကြားသော ဧည့်သည်များ အနေဖြင့် ယခုအကြိမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။
中共德宏州委宣传部
တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီပြန်ကြားရေးဌာန
2022年4月8日
၂၀၂၂ခုနှစ်ဧပြီလ၈ရက်နေ့

