《胞波心语——中缅建交75周年故事集》特别专栏丨【三等奖】三代青春抒写中缅胞波情
三等奖
三代青春抒写中缅胞波情
瑞丽市职业中学校长 丁丽仙
时光是一本泛黄的日记,回忆、提笔、落字,每一笔都刻画着我们三代人的奋斗足迹,每一页都书写着我们与缅甸的不解情缘。
80年代中期,我的父亲成为了瑞丽第一代电力人。他精湛的业务能力让他工作异常繁忙,每天天不亮就见他背上工具包出门,天黑了才带着一身寒气、披着星光回家。他一心扑在工作上,母亲在期盼与等候中抱着年幼的我成了“望夫石”。
最难忘的是父亲作为瑞丽电力行业的先驱者,多次前往缅甸,亲自指导缅甸电力工人攀爬电杆、架设电线、传授技艺。他不仅带领着电力工人点亮了瑞丽城市和乡村的夜空,而且将光明延伸至邻国缅甸,点亮了两国的友谊之灯,用实际行动诠释了“电力无国界,友谊永长存”的真谛。
1986年,在父亲和他的电力团队的不懈努力下,一江之隔的缅甸木姐县和更远的南坎镇的通电典礼得以顺利举行。
我记得那一天,当明亮的灯光照亮星空,碧波荡漾的瑞丽江水中倒映着木姐县的万家灯火,两国人民的通电愿望终于得以实现。这是中缅电力工程的里程碑,更是中缅两国人民心与心紧密相连的生动见证。
时光荏苒,转眼到了90年代末,我以一名人民教师的身份踏入了瑞丽市职业中学的大门,以这样的方式接过父辈手中的“接力棒”。我和学校的老师们一起培养了一批又一批优秀的缅籍学生,在教育教学中致力于推动两国文化的交流与融合。我校与缅甸各地区华文校长建立了长期的友好交流机制,派出教师频繁往返于九谷、木姐、南坎、腊戌、贵慨、南帕嘎等地,为华文教育的传播与发展倾注了大量心血。
每当大雨滂沱的季节,我总会回想起缅甸简陋的教室里认真上课的师生们,想起奔走在缅甸泥泞路上的家访时光。
记忆最深的是我前往缅甸彬乌伦(眉缪)的支教之旅,这段经历让我深刻感受到了华文教育的魅力与挑战。在这段艰苦而幸福的日子里,我结识了众多侨领、校长以及毕生致力于华文教育的教师们,他们用自己经商和劳作的收入,支撑起了华文教育的一片天。
2013年8月的一天傍晚,彬乌伦佛经学校的段校长用他那部旧得掉皮的摩托车,载着我翻山越岭,来到一个盖着简易茅草屋的山坡上,领着我走到一个仓库门口。仓门一打开,我被惊到了!仓库里满满四层鸡笼子,无数的鸡仔正在活蹦乱跳,溜槽里还有正在下滑的鸡蛋。段校长得意地告诉我,这个养鸡场是他个人的主要收入来源,鸡蛋销往缅甸许多市场。学校办学是亏钱的,他把养鸡场赚来的钱用来发老师们的工资,用鸡蛋补贴学校的食堂。我忍不住问道:“为什么要做这些事情,值得吗?”他笑眯眯地答道:“只是不想让在缅甸的下一代华人忘记了自己的祖籍国,忘记了自己的母语和文化。”如今距离那段支教的时光已经过去十一年,那个在山坡上伴着夕阳的一次对话,在记忆中变成了永恒。
2014年,一位来自缅甸大其力的学生素素来到了中国,走进了学校、走进了我的生活,她从我的学生变成了我的孩子。在她遇到困难无法坚持求学时,我和班主任老师帮助她领取了中国国家助学金,助她顺利完成了学业。毕业后,怀揣着对中国的深厚情感,她在2017年创办了素素缅语培训中心,在我的引导下,她完成了成人大学学历教育,同时在工作中加强学习,提升自己的缅语翻译能力,成长为缅甸前驻华大使的翻译官。
最让我感动的是她把这份曾经被帮助的善意传承下去,为缅甸福利院的儿童送去大米、油盐,帮助那些处于贫困中的缅甸孩子,鼓励他们好好生活,长大以后无论在缅甸还是中国,都能凭一技之长获得工作。她用自己微薄的力量,搭建起两国人民心灵的桥梁,传递着如同我们之间一般血脉相连的中缅胞波情。
回顾这几十年,我和我的父亲以及没有血缘的亲人素素三代人的故事,仿佛就是中缅两国友好交往的缩影,更是两国人民深厚情谊的见证。
“青山一道同云雨,明月何曾是两乡。”值此中缅建交75周年之际,愿中缅情谊如同电力之光,永远照亮两国人民前行的道路,愿两国人民携手共进,共创更加繁荣、稳定的双边关系,让这份跨越国际和时代的情谊永远熠熠生辉!
တတိယဆု
မျိုးဆက်သုံးခု၏ ငယ်ဘဝ တရုတ်နှင့် မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဖော်ကျူးခြင်း
Ding Lixian
ကျောင်းအုပ်ဆရာမကြီး၊ ရွှေလီမြို့အသက်မွေးဝမ်းကျောင်းအလယ်တန်းကျောင်း (Ruili Vocational School)
အချိန်သည်ဝါရော်လာသော နေ့စဉ်မှတ်တမ်းစာအုပ်တစ်အုပ်နှင့် တူပါသည်။ ကလောင်ကိုင်ကာ အမှတ်တရတို့ကို ရေးသားခဲ့သော စကားလုံးတိုင်းသည် ကျွန်မတို့မျိုးဆက်သုံးဆက်၏ ကြိုးပမ်းမှုခြေရာများကို ထွင်းထုထားပါသည်။ စာမျက်နှာတိုင်းတွင် မြန်မာနိုင်ငံနှင့် ကျွန်မတို့၏ခိုင်မြဲသော ဆက်ဆံရေးကို ရေးသားထားပါသည်။
၁၉၈၀ပြည့်လွန်နှစ်လယ်ပိုင်းများတွင် ကျွန်မ၏ဖေဖေသည် ရွှေလီမြို့၏ပထမဆုံးသော လျှပ်စစ်ဓာတ်အားပေးရေးဝန်ထမ်းများထဲမှ တစ်ဦး ဖြစ်လာခဲ့ပါသည်။ သူ၏ ထူးချွန်သော လုပ်ငန်းစွမ်းဆောင်ရည်ကြောင့် အလုပ်များလွန်းသဖြင့် နေ့စဉ်နံနက်မိုးမလင်းမီ အလုပ်အိတ်ကိုလွယ်ကာ အိမ်က ထွက်သွားပြီး ညမှောင်မှောင်ကြယ်ရောင်တွေအောက် အေးစိမ့်လာချိန်မှာမှ အိမ်သို့ပြန်ရောက်လာပါသည်။ ဖေဖေသည် အလုပ်တွင် စိတ်နှစ်၍လုပ်ကိုင်လေ့ရှိသောကြောင့် မေမေသည် ငယ်ရွယ်သော ကျွန်မကိုပွေ့ဖက်ကာ “ခင်ပွန်းကိုစောင့်မျှော်နေသူ” တစ်ယောက်အဖြစ်သာ အချိန်များကို ကုန်လွန်ခဲ့ရရှာပါသည်။
မေ့ပျောက်၍ မရနိုင်ဆုံးသောအရာမှာ ဖေဖေသည် ရွှေလီလျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း၏ ရှေ့ဆောင်လမ်းပြတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ရပြီး မြန်မာလျှပ်စစ်အလုပ်သမားများကို ဓာတ်တိုင်တက်ခြင်းနှင့် လျှပ်စစ်မီးကြိုးများသွယ်တန်းခြင်းဆိုင်ရာ နည်းပညာများ သင်ကြားပေးခဲ့ပါသည်။ ဖေဖေသည် ရွှေလီမြို့နှင့် ကျေးလက်ဒေသများ၏ ညအချိန်ကို လင်းလက်စေခဲ့ရုံသာမက ထိုအလင်းရောင်ကို အိမ်နီးချင်းမြန်မာနိုင်ငံသို့ပင် တိုးချဲ့ပေးခဲ့ကာ နှစ်နိုင်ငံချစ်ကြည်ရေးမီးအိမ်ကို လင်းလက်စေခဲ့ပြီး“လျှပ်စစ်ဓာတ်အားသည် နယ်နိမိတ်မရှိ၊ ချစ်ကြည်ရေးသည် ထာဝရတည်တံ့၏”ဟူသော အနှစ်သာရကို လက်တွေ့လုပ်ဆောင်မှုဖြင့် ပြသခဲ့ပါသည်။
၁၉၈၆ခုနှစ်တွင် ဖေဖေနှင့် သူ၏လျှပ်စစ်အဖွဲ့၏ မဆုတ်မနစ်ကြိုးပမ်းမှုကြောင့် မြစ်တစ်စင်းသာ ခြားနေသော မြန်မာနိုင်ငံရှိ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့၏ လျှပ်စစ်မီးရရှိမှုအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
ထိုနေ့ကို ကျွန်မအမှတ်ရနေဆဲ ဖြစ်ပါသည်။ လင်းလက်သော မီးအလင်းရောင်သည် ကောင်းကင်ထိတိုင် လင်းလက်တောက်ပနေခဲ့ပါသည်။ စိမ်းမြမြနှင့် စီးဆင်းနေသော ရွှေလီမြစ်ရေပြင်တွင် မူဆယ်မြို့ရှိ နေအိမ်များမှ မီးရောင်များ ထင်ဟပ်နေသည်ကို မြင်တွေ့နေရကာ နိုင်ငံနှစ်နိုင်ငံက ပြည်သူများ၏ လျှပ်စစ်မီးရရှိလိုသောဆန္ဒကို နောက်ဆုံးတွင် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ဤသည်မှာ တရုတ်နှင့် မြန်မာလျှပ်စစ်အင်ဂျင်နီယာစီမံကိန်း၏ မှတ်တိုင်တစ်ခုဖြစ်ရုံသာမက တရုတ်နှင့် မြန်မာနှစ်နိုင်ငံက ပြည်သူများနှလုံးသားချင်း နီးကပ်စွာဆက်သွယ်ထားမှုကို သက်သေပြသည့် အထောက်အထားတစ်ခုလည်း ဖြစ်ပါသည်။
အချိန်ကာလများကုန်လွန်သွားပြီး ၁၉၉၀ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ကျွန်မသည် ဆရာမတစ်ဦးအနေဖြင့် ရွှေလီမြို့ အသက်မွေးဝမ်းကျောင်းအလယ်တန်းကျောင်း (Ruili Vocational School)သို့ အလုပ်ဝင်ခဲ့ကာ ဖေဖေ့ထံက“လက်ဆင့်ကမ်းတာဝန်”ကို ယူခဲ့ပါသည်။ ကျွန်မသည် ကျောင်းရှိဆရာ၊ ဆရာမများနှင့်အတူ ထူးချွန်ထက်မြက်သော မြန်မာကျောင်းသူ၊ ကျောင်းသားမြောက်မြားစွာကို မွေးထုတ်ပေးခဲ့ပြီး ပညာသင်ကြားမှုတွင် နိုင်ငံနှစ်နိုင်ငံ၏ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ပေါင်းစည်းခြင်း တိုးတက်ရန် ကြိုးပမ်းခဲ့ပါသည်။ ကျွန်မတို့ကျောင်းသည် မြန်မာနိုင်ငံဒေသအသီးသီးရှိ တရုတ်စာသင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ရေရှည်ချစ်ကြည်ရေးဖလှယ်မှုယန္တရားကို တည်ထောင်ထားခဲ့ပြီး ဆရာ၊ ဆရာမများကို ကြူကုတ်၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာစသည့်ဒေသများသို့ မကြာခဏစေလွှတ်ခဲ့ကာ တရုတ်စာပေပျံ့နှံ့မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးတလည် အားထုတ်မှုများ ပြုလုပ်ခဲ့ကြပါသည်။
မိုးကြီးသည့်ရာသီများရောက်တိုင်း ကျွန်မသည် မြန်မာနိုင်ငံရှိ ရိုးရှင်းသော စာသင်ခန်းများတွင် တက်တက်ကြွကြွ စာပေပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများကို သတိရမိသလို မြန်မာနိုင်ငံရှိ ရွှံ့ညွန်ထူထပ်သောလမ်းများပေါ်တွင် ကျောင်းသားများ၏အိမ်သို့ သွားရောက်သည့်အချိန်များကိုလည်း အမြဲတမ်းသတိရနေမိပါသည်။
အမှတ်ရဖွယ်အကောင်းဆုံးမှာ မြန်မာနိုင်ငံရှိ မေမြို့သို့သွားရောက်၍ စေတနာ့ဝန်ထမ်းသင်ကြားပေးခဲ့သည့် ခရီးစဉ်ပင် ဖြစ်ပါသည်။ အဆိုပါ အတွေ့အကြုံသည် တရုတ်စာပေသင်ကြားရေး၏ ဆွဲဆောင်မှုနှင့် စိန်ခေါ်မှုများကို အလေးအနက်ခံစားရစေပါသည်။ ခက်ခဲသော်လည်း ပျော်ရွှင်ဖွယ်ရာကောင်းသော ထိုကာလအတွင်းတွင် ကျွန်မသည် ပင်လယ်ရပ်ခြားရောက် တရုတ်နွယ်ဖွားခေါင်းဆောင်များ၊ ကျောင်းအုပ်ကြီးများနှင့် ဘဝတစ်သက်တာလုံး တရုတ်စာပေသင်ကြားရေးကိုသာ အာရုံစူးစိုက်ထားသော ဆရာ၊ ဆရာမများစွာနှင့် မိတ်ဆွေဖြစ်ခွင့်ရခဲ့ပါသည်။ အဆိုပါဆရာ၊ ဆရာမများသည် သူတို့၏ ကိုယ်ပိုင်ဝင်ငွေများကို အသုံးပြုလျက် တရုတ်စာပေသင်ကြားရေးလောကကို ထောက်ပံ့ပေးထားကြပါသည်။
၂၀၁၃ခုနှစ် သြဂုတ်လ၏ ညနေခင်းတစ်ခုတွင် မေမြို့ဗုဒ္ဓဘာသာတရုတ်စာပေကျောင်းက ကျောင်းအုပ်ကြီး Duanသည် ကျွန်မကို သူ၏ ဟောင်းနွမ်းပြီး အရောင်များပင် မှေးမှိန်နေသော မော်တော်ဆိုင်ကယ်ဖြင့် တောတောင်များကို ကျော်ဖြတ်ပြီး ရိုးရှင်းသော တဲအိမ်တစ်ခုရှိသည့် တောင်ကုန်းတစ်ခုဆီသို့ ခေါ်လာခဲ့ပါသည်။ ထို့နောက် ဂိုဒေါင်တစ်ခု၏ တံခါးဆီသို့ ကျွန်မကိုခေါ်သွားခဲ့သည်။ ထိုဂိုဒေါင်တံခါးကို ဖွင့်လိုက်သည့်အခါ ကျွန်မအလွန်အံ့အားသင့်သွားခဲ့ရပါသည်။ ဂိုဒေါင်အတွင်းတွင် အထပ်လေးထပ်လုံး ကြက်လှောင်အိမ်များဖြင့် ပြည့်ကျပ်နေပြီး၊ ကြက်ပေါက်ကလေးများစွာသည်လည်း ပြေးလွှားဆော့ကစားနေကြပါသည်။ ကြက်ဥများသည်လည်း ရေတံလျှောက်များကတစ်ဆင့် အောက်သို့ လျှောကျနေကြပါသည်။ ကျောင်းအုပ်ကြီး Duan ဂုဏ်ယူစွာ ပြောကြားခဲ့သည်မှာ ဤကြက်မွေးမြူရေးခြံသည် သူ၏ ကိုယ်ပိုင်အဓိကဝင်ငွေရရှိသည့် စီးပွားရေးဖြစ်ပြီး ကြက်ဥများကို မြန်မာနိုင်ငံရှိ ဈေးကွက်များစွာသို့လည်း ရောင်းချနေပါသည်။ ကျောင်းဖွင့်လှစ်ခြင်းသည် စီးပွားရေးအကျိုးအမြတ်မရရှိသောကြောင့် သူသည် ကြက်ခြံကရရှိသော ငွေကြေးများဖြင့်သာ ဆရာ၊ ဆရာမများ၏ လစာကိုပေးကာ ကြက်ဥများကိုလည်း ကျောင်းစားသောက်ဆိုင်များအတွက် ထောက်ပံ့ရန် အသုံးပြုသည်ဟု ဆိုပါသည်။ ထို့ကြောင့် ကျွန်မက“ဒီလိုလုပ်တာတန်ရဲ့လား”ဟု စိတ်ကိုမထိန်းနိုင်ဘဲ မေးလိုက်မိပါသည်။ ဆရာကြီးက“မြန်မာနိုင်ငံက နောင်လာမယ့်မျိုးဆက် တရုတ်နွယ်ဖွားတွေဟာ သူတို့ရဲ့မူလနိုင်ငံ၊ မိခင်ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို မမေ့လျော့စေလိုတဲ့အတွက်ကြောင့် ဒီလိုလုပ်နေတာပါ”ဟု ပြုံးတုံ့တုံ့ဖြင့် ပြန်လည်ပြောပြခဲ့ပါသည်။ယခုအခါ ထိုစေတနာ့ဝန်ထမ်းသင်ကြားရေးဆောင်ရွက်ခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ထိုတောင်ကုန်းပေါ်ကနေဝင်ချိန်နှင့်အတူ ဆရာကြီးပြောပြခဲ့သော စကားများမှာ ကျွန်မ၏ မှတ်ဉာဏ်အတွင်းတွင် ထာဝရတည်ရှိနေပါသည်။
၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံ တာချီလိတ်မြို့က ကျောင်းသူတစ်ဦးဖြစ်သူ‘စုစု’သည် တရုတ်နိုင်ငံသို့ရောက်ရှိလာကာ ကျွန်မတို့ကျောင်းတွင် တက်ရောက်ခဲ့ပြီး ကျွန်မ၏ဘဝထဲသို့ ဝင်ရောက်လာခဲ့ပါသည်။ သူသည် ကျွန်မ၏ကျောင်းသူတစ်ဦးအဖြစ်မှ ကျွန်မ၏သမီးအရင်းတစ်ဦးကဲ့သို့ပင် ကျွန်မဘဝထဲသို့ ဝင်လာခဲ့ပါသည်။ သူသည် ပညာကို ဆက်သင်နိုင်ရန် အခက်အခဲများကြုံတွေ့ခဲ့ရသောအခါ ကျွန်မနှင့် သူ၏အတန်းပိုင်ဆရာသည် သူ့အား တရုတ်နိုင်ငံအမျိုးသားပညာသင်ဆုကို ရရှိအောင် ကူညီပေးခဲ့ကြပြီး သူ၏ပညာရေးကို အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါသည်။ဘွဲ့ရပြီး နောက်တရုတ်နိုင်ငံအတွက် လေးနက်သောခံစားချက်ဖြင့် သူသည် ၂၀၁၇ခုနှစ်တွင်“စုစုမြန်မာဘာသာစကားသင်တန်းကျောင်း”ကို တည်ထောင်ခဲ့ပါသည်။ ထို့ပြင် ကျွန်မ၏ လမ်းညွှန်မှုဖြင့် သူသည် သက်ကြီးတက္ကသိုလ်ပညာရေးကို ပြီးမြောက်ခဲ့ကာ အလုပ်တွင်လည်း ဆက်လက်လေ့လာသင်ယူလျက် မြန်မာစကားဘာသာပြန်စွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထို့နောက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ဟောင်း၏ ဘာသာပြန်အရာရှိတစ်ယောက်အထိပင် ဖြစ်သွားခဲ့ပါသည်။
ကျွန်မပို၍ပီတိဖြစ်ရသည့်အချက်မှာ သူသည် ယခင်ကရရှိခံစားခဲ့ဖူးသော ကူညီစောင့်ရှောက်မှုကောင်းမွေကို လက်ဆင့်ကမ်းပေးခြင်းပင် ဖြစ်ပါသည်။ သူသည် မြန်မာနိုင်ငံလူမှုရေးဂေဟာများရှိ ကလေးငယ်များအတွက် ဆန်၊ ဆီ၊ ဆားများ ပေးပို့ခဲ့ကာ ဆင်းရဲနွမ်းပါးမှုဒဏ်ခံစားနေရသော ကလေးငယ်များကို ကူညီပေးခဲ့ပါသည်။ ထို့ပြင် ထိုကလေးငယ်များသည် နောင်တစ်ချိန်၌ မြန်မာနိုင်ငံတွင် ဖြစ်စေ၊တရုတ်နိုင်ငံတွင်ဖြစ်စေ ရှင်သန်နေထိုင်ကြသည့်အခါ၌ ကျွမ်းကျင်မှုတစ်ခုခုဖြင့် အလုပ်လုပ်ကိုင်ကြရန်နှင့် ကောင်းမွန်စွာ အသက်မွေးရှင်သန်ရန်လည်း သူကအားပေးခဲ့ပါသည်။ သူသည် မိမိ၏အင်အားအနည်းငယ်ဖြင့် နိုင်ငံနှစ်နိုင်ငံက ပြည်သူအချို့၏ နှလုံးသားချင်းဆက်သွယ်မှုတံတားကို တည်ဆောက်ပေးနိုင်ခဲ့ပြီး သွေးချင်းညီညွတ်သော တရုတ်နှင့် မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းပေးနိုင်ခဲ့ပါသည်။
ဤဆယ်စုနှစ်များစွာကို ပြန်ပြောင်းကြည့်ရှုသောအခါ ကျွန်မ၊ ကျွန်မ၏ ဖေဖေနှင့်သွေးသားတော်စပ်မှုမရှိသော သမီးလေးစုစုတို့၏ မျိုးဆက်သုံးဆက်ကဖြစ်ပေါ်လာသည့် ဇာတ်လမ်းသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးဖလှယ်မှု အကျဉ်းချုပ်ဖော်ပြချက်ဖြစ်သည်ဆိုသည်ထက် နိုင်ငံနှစ်နိုင်ငံကပြည်သူများအကြား နက်ရှိုင်းစွာ စိမ့်ဝင်နေသော ချစ်ကြည်ရေးကို သက်သေပြနိုင်သည့် သာဓကဖြစ်သည်ဆိုပါက ပို၍မှန်ပါလိမ့်မည်။
“တောတောင်ရေမြေတွေခြားနားခဲ့ရင်တောင် မိုးတိမ်လွှာတွေကတော့ တစ်သားတည်းရှိနေပါတယ် ဒေသနယ်နိမိတ်တွေ ကွဲပြားခဲ့ရင်တောင် လစန္ဒာကတော့ တစ်စင်းပဲ ရှိနေပါတယ်။" တရုတ်- မြန်မာသံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅နှစ်မြောက်အခါသမယတွင် တရုတ်နှင့် မြန်မာချစ်ကြည်ရေးသည် လျှပ်စစ်ဓာတ်အား၏ အလင်းရောင်ကဲ့သို့ နိုင်ငံနှစ်နိုင်ငံက ပြည်သူများ၏ ရှေ့သို့ ဆက်လှမ်းရမည့်လမ်းကြောင်းများကို ထာဝရထွန်းလင်းနိုင်ပါစေ။ နိုင်ငံနှစ်နိုင်ငံက ပြည်သူများလက်တွဲကာ ကြွယ်ဝချမ်းသာပြီး တည်ငြိမ်သော ဆက်ဆံရေးကို အတူတကွ ဖန်တီးနိုင်ကြပါစေ။ ဤခေတ်ကာလများနှင့် နယ်နိမိတ်ကိုကျော်လွန်သော ချစ်ကြည်ရေးသည်လည်း ထာဝရတောက်ပလင်းလက်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။